အောက်တိုဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းက ခင်မွန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ မုံရွာ-မန္တလေးလမ်းပိုင်းက ခင်မွန်ရွာအနီးမှာ လမ်းပိတ်ထားလို့ ခရီးသွားယာဥ်တွေ စောင့်ဆိုင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ လမ်းပိတ်ထားတာ ၁နာရီ နီပါးခန့်ရှိပြီလို့ သိရပါတယ်။ ပိတ်ထားရတဲ့အကြောင်းအရင်းတော့မသိရပါဘူး။ တိုက်ပွဲဖြစ်ပေါ်နေခြင်းမျိုးတော့ခုချိန်ထိမရှိသေးဘူးလို့တော့သိရတယ်။” လို့ ဒေသခံတဦးက ဒိကနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

Public Service Announcement
မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ထဲက အက်ဆစ်ကန်တွဲကားတွေလည်း ထွက်ခွာလာတယ်လို့ သိရပြီး ခရီးသွားပြည်သူတွေအနေနဲ့သတိထားဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးပါတယ်။
မနေ့ကလည်း မုံရွာ-မန္တလေးလမ်းမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေ အများအပြား ချထားခဲ့ကြောင်း၊ ခရီးသွား ပြည်သူတွေကိုလည်း မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရွှေဘို-မန္တလေးလမ်းပိုင်းမှာလည်း လုံခြုံရေးအခြေအနေကြောင့် ယာဥ်တွေဖြတ်သန်းလို့ မရသေးဘဲ မြစ်ကြီးနားဘက်သွားမယ့်ယာဥ်တွေဟာ မုံရွာ-မန္တလေးလမ်းကနေတဆင့် ပတ်သွားနေရတယ်လို့ သိရပါတယ်။
















































