close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပြီး သုံးလအတွင်း ပြည်သူ ၈၈ဦး ဖမ်းဆီးခံရ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း သုံးလအတွင်းဖမ်းဆီးခံရသူ ၈၈ဦးအထိရှိကြောင်း Data for Myanmarက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်နေတာကို အောက်တိုဘာ ၃၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - GSCB

■အွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့် အဖမ်းခံရသူ ၂၅ဦးရှိ

နိုဝင်ဘာ-၃၊ ၂၀၂၅/People’s Spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း သုံးလအတွင်းဖမ်းဆီးခံရသူ ၈၈ဦးအထိရှိကြောင်း Data for Myanmarက ထုတ်ပြန်ထားပါတယ်။

‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၉ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ရက်အထိ ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူခံရတဲ့ အမှု ၄၀မှာ အရေးယူခံရသူ ၈၈ဦးအထိရှိတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း အွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့် အဖမ်းခံရသူ ၂၅ ဦးရှိပြီး ၁၀ဦးက ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက ဖမ်းဆီးခံရတာလို့ Data for Myanmarက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၅ အောက်တိုဘာအထိ လူမှုကွန်ယက်တွေပေါ်မှာ စစ်ကောင်စီ ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၉၉၃ ဦးရှိတယ်လို့ Data for Myanmarက ဆိုပါတယ်။

အဲဒီအထဲက ရန်ကုန်၊ မန္တလေး၊ ပခူး၊ ဧရာဝတီ၊ မကွေး၊ ရှမ်းစတဲ့ တိုင်းနဲ့ပြည်နယ် ၆ခုမှာအဖမ်းအဆီးတွေများခဲ့ပြီး စုစုပေါင်း ၁၅၇၃ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားဖြစ်တဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားထားတဲ့ အနုပညာလောကက ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်လို့ဆိုပြီး ဒါရိုက်တာ မိုက်တီး ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် ၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနဲ့ ဒါရိုက်တာ အောင်ချမ်းလူတို့ကို ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ပို့စ်ကို အသဲပေးတာကြောင့်ဆိုပြီး ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်ကို စစ်ကောင်စီက ထပ်မံ မတရားဖမ်းဆီးထားပါတယ်။

အခြားပြည်သူတွေကိုလည်း ဖမ်းဆီးဖို့ လူမှုကွန်ရက်အကောင့်အမည်တွေတင်ပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက လှုံ့ဆော်နေပါတယ်။

‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ဟာ အနိမ့်ဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်ဖြစ်ပြီး အမြင့်ဆုံးမှာ ‘သေဒဏ်’လို့ စစ်ကောင်စီက မတရား သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook