close
Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမှာ စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၅ရွာက ပြည်သူနှစ်သောင်းကျော် တိမ်းရှောင်ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

တိမ်းရှောင်နေရတဲ့​ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ

နိုဝင်ဘာ-၆၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကစပြီး ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီတွင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒီကနေ့အထိ ကျေးရွာ စုစုပေါင်း ၁၅ ရွာမှ ပြည်သူနှစ်သောင်းကျော် တိမ်းရှောင်နေရကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရက်ရှည်တိမ်းရှောင်နေရပြီး လူဦးရေများလွန်းတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့လည်း ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ တချို့နေရာတွေမှာ ရေရှားတော့ ရေလိုအပ်တာတွေရှိတယ်ဗျ။ တချို့နေရာကြတော့ စားသောက်ကုန်ဝယ်ရခက်တာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်မယ်။” လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၅ ရက်အထိလည်း စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လက်ရှိကတော့ ဆားလင်းကြီးကို တပ်ချိန်းဖို့ရယ်၊ သတင်းပေါက်တဲ့စခန်းလေးတွေ ဖြိုခွင်းဖို့ပါပဲ။ ဒါပေမဲ့ သူတို့ရှေ့မတိုးနိုင်ပါဘူး။ စစ်ကြောင်းလေးငါးကြောင်းလုပ်တာတောင် လုပ်မရဘူး။” လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

အခြေအနေအရ စစ်ရေးတင်းမာနေပေမဲ့ ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီအနီးက ကျေးရွာတွေကတော့ နေရပ်ကို ပြန်ဝင်နေကြောင်း၊ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးချခံရတာ၊ တိုက်ပွဲကြားပိတ်မိတာတွေ ဖြစ်ပွားနိုင်လို့ နေရပ်ပြန်ဝင်လိုတဲ့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကျေးပကဖနဲ့ ပအဖတာဝန်ခံတွေရဲ့ ခွင့်ပြုချက်ရမှသာ ဝင်ရောက်နေထိုင်ဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပါတယ်။

ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီတွင်းက စစ်ကောင်စီတပ်ဟာ အာဏာသိမ်းကာလတလျှောက် တရုတ်စီမံကိန်းတွေ လည်ပတ်နိုင်ဖို့အတွက် ဘေးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်မှာ ပြည်သူနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံမရိတ်သိမ်းနိုင်ဖို့နဲ့ စားနပ်ရိက္ခာပြတ်လပ်စေဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRGက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူနဲ့ကမ္မမြို့နယ်ကြားမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ဦး ဒဏ်ရာတွေရရှိထားပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူ - စလင်းမြို့နယ်လမ်းပိုင်း ထိန်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအထိနာပြီး ဆိပ်ဖြူမြို့အတွင်း ပြန်ဆုတ်သွားတယ်လို့ မကွေးတိုင်းပ.က.ဖ ရွေးလျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက ပြောပါတယ်။