close
Connect with us

Hi, what are you looking for?

သတင်း

သမ္မတဦးဝင်းမြင့်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့ NUG ဂုဏ်ပြုဆုတောင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဒီကနေ့ (နိုဝင်ဘာ ၈ရက်)မှာ ကျရောက်တဲ့ (၇၄)နှစ်ပြည့် မွေးနေ့မြတ်မှ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း အဖြာဖြာနဲ့ ပြည့်စုံပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဆုတောင်းလိုက်ပါတယ်။

နိုဝင်ဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဒီကနေ့ (နိုဝင်ဘာ ၈ရက်)မှာ ကျရောက်တဲ့ (၇၄)နှစ်ပြည့် မွေးနေ့မြတ်မှ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း အဖြာဖြာနဲ့ ပြည့်စုံပါစေဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဆုတောင်းလိုက်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ ပြောင်းလဲခြင်းမရှိတဲ့ စိတ်ဓာတ်ခွန်အား၊ ရဲရင့်သော ခေါင်းဆောင်မှုတို့နဲ့ ပြည်သူတွေအတွက် တရားမျှတမှုနဲ့ ဒီမိုကရေစီကို ခိုင်မာစွာကိုင်စွဲထားသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့် မတရား အချုပ်အနှောင်ခံထားရမှုမှ အမြန်ဆုံးလွတ်မြောက်ပြီး မိမိချစ်ခင်သော ပြည်သူများထံ ပြန်လည်ရောက်ရှိနိုင်ပါစေဟုလည်း NUG ရဲ့ ဂုဏ်ပြုဆုတောင်းမှုမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်ရာမှာ ထပ်မံ ဦးဆောင်မှု ပြုနိုင်ပါစေဟုလည်း ဆုတောင်းထားပါတယ်။

သမ္မတဦးဝင်းမြင့် မွေးနေ့ဟာ မြန်မာ့တော်လှန်ရေးအတွက် ခွန်အားသစ်၊ မျှော်လင့်ချက်အသစ်များကို ဆောင်ကြဉ်းပေးနိုင်ပါစေလို့လည်း NUGက ပေးပို့တဲ့ ဆုတောင်းမေတ္တာလွှာမှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးမှု ခံခဲ့ရတာဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့် မွေးနေ့ NUGရဲ့ဂုဏ်ပြု ဆုတောင်းစာထုတ်ပြန်ချက်အောက်မှာလည်း ပြည်သူလူထုတွေက မွေးနေ့ စုဆောင်းစာရေးသားပြီး သမ္မတဦးဝင်းမြင့် ကျန်းမာဖို့ အမြန်ဆုံးအချုပ်အနှောင်က လွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

” သမ္မတကြီး ခင်ဗျာ နေကောင်းကျန်းမာပါစေ၊ မတရားဖမ်းဆီးမှုကလည်း အမြန်ဆုံးလွတ်ကင်းပါစေခင်ဗျာ။ တော်လှန်ရေးလည်း အမြန်အောင်မြင်ပါစေ။ မတရားအာဏာသိမ်းတဲ့ သူတွေလည်း အမြန်ဆုံး နိဂုံးချုပ်ပါစေ၊ ကျဆုံးပါစေ၊ ကျရှုံးပါစေ” လို့ လူမှုကွန်ရက်အသုံးပြုသူတဦးက မှတ်ချက်ရေးသားခဲ့ပါတယ်။

ဆက်စပ်သတင်းများ