နိုဝင်ဘာ ၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
ရက္ခိုင်အမျိုသားအဖွဲ့ချုပ် ဥက္ကဋ္ဌ /အာရက္ခတပ်တော်(AA) တပ်မှူးချုပ်၊ အာရက္ခတပ်တော် ရဲဘော်ရဲဘက်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပြည်သူ့ဝန်ထမ်းတွေအားလုံးက ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ ဆန္ဒ တွေအမြန်ဆုံး ပြည့်၀စေဖို့ ဆက်လက်ကြိုးစားရုန်းကန် တိုက်ပွဲဝင်သွားမယ်လို့ AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၇ရက်မှာကျရောက်တဲ့ AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်ပြည့် မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးကြတဲ့အပေါ် အခုလို ထုတ်ပြန်ခဲ့တာပါ။
မွေးနေ့ဆုတောင်းပေးကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖော်ပြခဲ့ပြီး ဆုတောင်းပေးကြဲတဲ့ ပြည်သူတွေ၊ ရဲဘော်ရဲဘက်တွေ မိတ်ဆွေတွေအားလုံး ကျန်းမာ၊ လုံခြုံ အေးချမ်းစွာ ရှိကြပါစေလို့လည်း ပြန်လည်ဆုတောင်းပေးခဲ့ပါတယ်။

Public Service Announcement
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မွေးနေ့ကို ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်၊ ယောဒေသကာကွယ်ရေးတပ်(YDF)၊ BAMAR ARMY၊ ရော်ဘင်ဟုမစ်ဇိုင်းအဖွဲ့၊ မြစ်၀ကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ စတဲ့တော်လှန်ရေးအဖွဲ့တွေက မွေးနေ့သဝဏ်လွှာပေးပို့ခဲ့တာတွေ့ရပါတယ်။
AAဟာ ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်တိ့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ရက္ခိုင်တပြည်နယ်လုံးအတိုင်းအတာ သိမ်းပိုက်နိုင်ရေး နောက်ဆုံးကျန်နေတဲ့ ကျောက်ဖြူ ၊စစ်တွေ ၊မာန်အောင် မြို့နယ်တွေထဲက ကျောက်ဖြူ နဲ့ စစ်တွေက စစ်ကောင်စီတပ်ကိုလည်းတိုက်ခိုက်နေပါတယ်။
ဒါအပြင် ရက္ခိုင်-မကွေး၊ ရက္ခိုင်-ပဲခူး၊ ရက္ခိုင်-ဧရာ၀တီ အစပ်ဒေသတွေနဲ့ AA တပ်လှုပ်ရှားရာဒေသတွေမှာ စစ်ကောင်စီတပ်ကို ထိုစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။

















































