close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ကိုင်းနဲ့ ကရင်နီမှာ ပြုလုပ်

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၁၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၀) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်” စာသားတွေကိုင်ဆောင်ကာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်​ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့” ဘန်နာကိုင်ဆောင်ကာ ရွေးကောက်ပွဲဆန့်ကျင်ရေး တောင်ယာသပိတ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်မှာလည်း အမျိုးသားလူငယ်အစည်းအရုံးမှ ပြည်သူလူထုနဲ့ လူငယ်တွေကို စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲပုံစံနဲ့မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ဖက်ဒရယ်နဲ့ လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဓါတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနဲ့ ပိုစတာလိုက်လံကပ်တာတွေ ကရင်နီပြည်တွင်း တနေရာမှာလည်း ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ ပြည်သူနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံမရိတ်သိမ်းနိုင်ဖို့နဲ့ စားနပ်ရိက္ခာပြတ်လပ်စေဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRGက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့ ​အချို့ နဲ့ဒေသခံပြည်သူ​တွေက စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) မှာလည်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook