close
Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူကို တရုတ်ဆီ ပြန်လွှဲပေးတော့မယ်လို့ ထိုင်းအတည်ပြု

ဒုစရိုက် မြို့တော်လို့ နာမည်ဆိုးတွင်တဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူလို့ သတ်မှတ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းနိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

ဒုစရိုက် မြို့တော်လို့ နာမည်ဆိုးတွင်တဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူလို့ သတ်မှတ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်ကို တရုတ်နိုင်ငံဆီ ပြန်လည် လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းနိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

ထိုင်းရဲ့ အစိုးရရှေ့နေရုံးက အသက် ၄၃ နှစ်အရွယ် ရှီကျိကျန်းဟာ တရုတ်ဆီ လွှဲပြောင်းမခံရအောင် အယူခံ ဝင်ခဲ့ပေမယ့် အယူခံရုံးက ပယ်ချခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရှီဟာ တရုတ်နိုင်ငံသား ဖြစ်ပေမယ့် ကမ္ဘောဒီးယား နိုင်ငံသားလည်း ခံယူထားသူပါ။

သူ့ကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းက ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရှီရဲ့ ရှေ့နေအဖွဲ့ဟာ သူတို့ရဲ့ အမှုသည်ကို တရုတ်နိုင်ငံဆီ ပြန်လွှဲပြောင်းတာမျိုးကနေ တားဆီးနိုင်အောင် ၃ နှစ်လုံးလုံး အပတ်တကုတ် ခုခံ လျှောက်လဲခဲ့ပေမယ့် အခုတော့ အရာမထင်တော့ပါဘူး။

ရှီကို ဖမ်းဆီးပေးဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)ဆီ တရုတ်က ဆက်သွယ် အကူအညီ တောင်းခဲ့တဲ့နောက် ထိုင်းမှာရှိနေတဲ့ သူ့ကို အိမ်ရှင်နိုင်ငံရဲ့ ရဲတွေက ဖမ်းဆီးခဲ့တာပါ။ ရှီရဲ့ ရှေ့နေတွေက သူ့ကို တရုတ်ဆီ လွှဲပြောင်းပေးခြင်းဟာ ထိုင်းရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီကြောင်း ထောက်ပြခဲ့ပေမယ့် ပြီးခဲ့တဲ့ လမှာတော့ အခြေခံဥပဒေ ခုံရုံးက ဒီကိစ္စမှာ စည်းမျိုးချိုးဖောက်မှု မရှိကြောင်း အတည်ပြု ဆုံးဖြတ်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ဖို့ နောက်ဆုံးအဆင့် အယူခံ ဝင်ခဲ့ပေမယ့်လည်း အယူခံရုံးက မူလ စီရင်ချက်ကို အတည်ပြုပေးခဲ့တာလို့ သိရပါတယ်။ ထိုင်းအစိုးရ ရှေ့နေရုံး ကြေညာချက်မှာတော့ ရှီဟာ တရားမဝင် ကာစီနိုတွေ လုပ်ငန်းလည်ပတ်မှု စွပ်စွဲချက်အတွက် တရုတ်နိုင်ငံမှာ သွားရောက် တရားရင်ဆိုင်ရမယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။

ရှီနဲ့ပတ်သက်တဲ့ စွဲချက်တွေထဲမှာတော့ လည်ပတ် ငွေလုံးငွေရင်း ဘတ် ၁၂.၆၃ ထရီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၃၈၅ ဘီလီယံလောက်ထိ ရှိနိုင်တဲ့ လောင်းကစားဝက်ဘ်ဆိုက် ၂၃၉ ခုကို ထိန်းချုပ်ထားတယ် ဆိုတာလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့က ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာလည်း သူ့ရဲ့ Yatai International ကုမ္ပဏီက ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသလို ရွှေကုက္ကိုမှာ ရှီရဲ့ ကာစီနိုရုံကြီးနှစ်ခု တည်ထားကြောင်း စွပ်စွဲခံခဲ့ပါတယ်။

ထိုင်းက စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်နေရတဲ့ ကာလတလျှောက် ရှီက သူဟာ ဘယ်လို အမှားမှ ကျူးလွန်မထားကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ ရှီအပေါ် စွပ်စွဲချက်တွေဟာ တရုတ်က နိုင်ငံရေး အခြေပြု စေ့ဆော်မှုတွေနဲ့ ထောင်ချောက်ဆင်ထားတာသာ ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေတွေကလည်း ပြောပါတယ်။ ရှီဟာ ၂၀၂၂ ကတည်းက ဘန်ကောက်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတာပါ။

လုပ်ထုံးလုပ်နည်းတွေအရ ထိုင်းအာဏာပိုင်တွေဟာ ရှီကို တရုတ်ဆီ လွှဲပြောင်းပေးဖို့ ရက်ပေါင်း ၉၀ အတွင်း အပြီးသတ် လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ထိုင်းသတင်းတွေရဲ့ အဆိုအရ ရှီဟာ ရွှေကုက္ကိုမှာ ကာစီနိုတွေ၊ ဖျော်ဖြေရေးနဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတွေ ပါဝင်တဲ့ ဒေါ်လာ ၁၅ ဘီလီယံတန် လုပ်ငန်းတွေကို ဦးဆောင်နေတယ်လို့ သိရပါတယ်။

ရွှေကုက္ကိုဟာ အွန်လိုင်း ကာစီနိုတွေအပြင် ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ၊ လူမှောင်ခိုနဲ့ တခြားရာဇဝတ်မှု ကျူးလွန်တဲ့ ဂိုဏ်းတွေ ကျင်လည်ကျက်စားရာ ဒုစရိုက် မြို့တော် တစ်ခုအဖြစ်လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ စက်တင်ဘာလမှာတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ရွှေကုက္ကိုအပြင် အနီးတဝိုက် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ ၉ ခုကို နာမည်ပျက် စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ လက်နက်ကြီး စနစ်တွေကို ပြန်လည် ဖြုတ်ယူ သိမ်းဆည်းနေကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသက်ဝင်လာတဲ့ ဥပဒေသစ်အရ အများနဲ့ သက်ဆိုင်တဲ့ ဧရိယာတွေမှာ ခွင့်ပြုချိန် ပြင်ပ အရက်သောက်ရင် ဒဏ်ငွေဆောင်ရတော့မယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျုံဒိုးမြို့နယ်က ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေငြာချက်တရပ် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းတွေကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

Facebook