close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်​ရွေး​ကောက်ပွဲကို ဆန္ဒပြ

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ ယ​နေ့ မနက်ပိုင်း က တရုတ်အစိုးရ အားပေး ကူညီ မှုနဲ့စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြကြပါတယ် ။

နိုဝင်ဘာ-၂၀၊၂၀၂၅။People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ ယ​နေ့ မနက်ပိုင်း က တရုတ်အစိုးရ အားပေး ကူညီ မှုနဲ့စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြကြပါတယ် ။

ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်​ကြောင်းနဲ့ ​ဒေသခံပြည်သူ​တွေစုစု​ပေါင်း အင်အား ၅၀ ​ကျော်က “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးပါနဲ့ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနှင့် သပိတ်မှောက်”၊ “အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ ဖာခေါင်းကလုပ်တဲ့ ပြည်တာဆာ ပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်” စတဲ့

စာတန်း​တွေ ကိုင်ဆောင်ပြီး စစ်တပ်​ရွေး​ကောက်ပွဲကိုဆန့်ကျင် ​ကြောင်းလမ်း​လျှောက်ဆန္ဒပြခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် “ ဘယ်အာဏာရှင် စနစ်မှအလိုမရှိ” ၊ “ ညစ်ပတ်တဲ့ စစ်တပ်အမြစ်ဖြတ်” ၊ “ တရားမဝင်အတုအ​ယောင်​ရွေး​ကောက်ပွဲ ရတဲ့နည်းနဲ့ ဆန့်ကျင်ကြ” ၊ “ ပြည်သူ့ဘက်ကို မျက်နှာမူပါ ပြည်သူ့​​မေတ္တာစူးပါ​စေသား ” စတဲ့ ​ကြွေး​ကြော်သံ​တွေလည်း ​ကြွေး​ကြော်ခဲ့ပါတယ် ။ ဖားကန့်မှာ စစ်တပ်စစ်​ကြောင်း​တွေဝင်လာပြီး တိုက်ပွဲ​တွေမကြာခဏဖြစ်​နေတဲ့ ကြားက နိုဝင်ဘာ ၂၀ ရက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။

ဆန္ဒပြပွဲမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ၊အာဆီယံ ၊ကုလသမဂ္ဂ ၊အ​မေရီကန် ၊ဂျပန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း စစ်တပ်ရွေးကောက်ပွဲ ကိုအသိအမှတ်မပြုကြဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါ့အပြင်ပြည်သူ​တွေကို မီးရှို့ သတ်

ဖြတ် ဗုံးကျဲနေတဲ့ မင်းအောင်လိုင်ကိုထောက်ခံ ကူညီနေတဲ့ တရုတ်အစိုးရ အနေဖြင့် လည်းမြန်မာပြည်သူ​တွေသတ်ဖြတ်ခံရအောင် ကူညီနေတာ၊ တရားမဝင်ရွေးကောက်ပွဲကိုကူညီထောက်ခံနေတာ​တွေကိုရပ်တန့်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဓါတ်ပုံ-ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်​ကြောင်း

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေသလို ဆဒုံးမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုရဲ့ ရပ်တည်ချက်နဲ့အညီ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU ဒူးသထူခရိုင်(သထုံခရိုင်)က ဒီကနေ့ နိုဝင်ဘာ ၁၈ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာစစ်ရေးတင်းမာနေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူထွက်ပြေးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မှာ စစ်ရေးတင်းမာနေပြီး အထိနာနေတဲ့ စစ်တပ်က ဒေသခံတွေကို ပစ်မှတ်ထားနေလို့ သတိပြုကြဖို့ KIA ၊KPDFတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက သတိပေးနေကြပါတယ်။