close
Connect with us

Hi, what are you looking for?

သတင်း

ဒဏ်ရာရတော်လှန်ရေးရဲဘော်တွေကို ကုသရေး၊ ပြန်ထူထောင်ရေးအပြင် ဘ၀အာမခံချက်အတွက် ဥပဒေပြဌာန်းဖို့စီစဉ်နေဟု NUG ပြော

မြန်မာရဲ့ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးမှာ အသက်ကိုပဓာနမထားပဲ ရှေ့တန်းကနေ တော်လှန် တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင်တွင်၊ Local Defence Force (LDF)တွေ အားလုံး အထူးလေးစားတန်ဖိုးထားပြီး လိုအပ်ချက်တွေတတ်စွမ်းသမျှ ဖြည့်စွမ်းနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများကို NUG ကျန်းမာရေးဝန်ကြီးဌာနမှ CDM အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနဲ့ ကျန်းမာရေးဝန်ထမ်းများက ခွဲစိတ်ကုသပေးနေစဉ်။ ဓာတ်ပုံ - MOH

နိုဝင်ဘာ-၂၀၊ ၂၀၂၅။ ပုရစ်/People’s Spring

မြန်မာရဲ့ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးမှာ အသက်ကိုပဓာနမထားပဲ ရှေ့တန်းကနေ တော်လှန် တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ဝင်တွင်၊ Local Defence Force (LDF)တွေ အားလုံး အထူးလေးစားတန်ဖိုးထားပြီး လိုအပ်ချက်တွေတတ်စွမ်းသမျှ ဖြည့်စွမ်းနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရဲဘော်တွေကို ကုသနိုင်ဖို့၊ ပြန်လည် ထူထောင်နိုင်ဖို့နဲ့ ၎င်းတို့ရဲ့ဘဝရှေ့ရေးအတွက် စီမံပေးနိုင်ဖို့ ကိစ္စတွေကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရေးဌာနရဲ့ လက်အောက်မှာ ဆေးဝန်ထမ်း ဌာနခွဲ တခု ထားရှိပြီး ဆောင်ရွက်နေတာလို့ ပြောပါတယ်။

ကုသရေးအနေနဲ့ ပြည်တွင်းက စစ်ဆေးရုံ (၃၃)ရုံ နဲ့ ဆေးခန်းတွေမှာ ကုသမှုဆောင်ရွက်တာ၊ လွတ်မြောက် နယ်မြေတွေ၊ နယ်စပ်ဒေသတွေ က ဆေးရုံတွေကို လွှဲပြောင်းကုသတာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည် တွင်းနဲ့ နယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေန့ ပူးပေါင်းဆောင်ရွက် တာ လုပ်ဆောင်နေတယ်လို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်ပမှာ ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ တပ်ဖွဲ့ဝင်တွေအတွက် ကုသရေး၊ စားသောက်နေ ထိုင်သွားလာရေး တို့ကို ပံ့ပိုးနိုင်ဖို့ အတွက် နယ်စပ်ဒေသကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ (၅) ဖွဲ့ဖွဲ့စည်း ဆောင်ရွက်နေကြောင်း ပြောပါတယ်။

မသန်စွမ်းတပ်ဖွဲ့ဝင်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးခြင်းကို ဒေသအလိုက် ဆောင်ရွက် နိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေးစင်တာ (၄) ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသလို ဒေသအလိုက် လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေကြောင်း အသိပေးပါတယ်။

ဒဏ်ရာရ ရဲဘော်တွေရဲ့ ကုသခြင်း၊ ခြေတုလက်တုတပ်ဆင်ခြင်း နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခြင်းတို့အတွက် လစဉ် ကျပ်သိန်း ၁၀၀၀ မှ ၁၅၀၀ ခန့်ကို ပုံမှန် အသုံးပြု ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ဒါ့အပြင် တော်လှန်ရေးမှာ မြင့်မြတ်စွာကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တာဝန်ယူစောင့်ရှောက်နိုင်ဖို့နဲ့ ကိုယ်လက် အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေ အတွက် တစ်သက်စာလုံး တစ်ဘဝစာလုံး ကျန်းမာ‌ရေး ပညာ‌ရေး အသက်မွေးဝမ်းကျောင်း‌ရေးအတွက် တာဝန်ယူဖို့ တာဝန်ခံဖို့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရသာမက ‌ အနာဂတ်မှာ ပေါ်ပေါက် လာမယ့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံကပါ တာဝန်ယူ တာဝန်ခံနိုင်ဖို့ မူဝါဒ တွေလည်း ချမှတ်ဆောင်ရွက်နေပါတယ်။ဥပဒေတခုပြဌာန်းနိုင်ဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရ ရဲဘော်တွေနဲ့ တိုက်ပွဲဝင်ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားမှုတွေကို သက်သာရာ ရစေဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ လူထုဆက်ဆံရေးယူနစ်(SCPRU) နဲ့ တော်လှန်အနုပညာရှင်တွေပူးပေါင်းပြီး ခွန်အားမျှ အစီအစဉ် တခုကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသလို ကျန်းမာရေးဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ နဲ့ ပူးပေါင်းပြီး နှစ်သိမ့်ဆွေးနွေး ပညာပေးရေး ကိစ္စတွေကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်မို့ အညာဟာ ပူနွေးနေခဲ့တယ်။ အညာမြေ မန္တလေးတိုင်း၊ တောင်သာနယ်က ထန်းလက်မိုးထန်းလက်ကာ နေအိမ်လေးရှိတဲ့ ဝင်းကလေးထဲကို တောင်သာ PDF အဖွဲ့က တော်လှန်ရေး ရဲဘော်တွေ ဝင်လာခဲ့ကြတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။