close
Connect with us

Hi, what are you looking for?

သတင်း

NUGယာယီသမ္မတနဲ့ KNUဥက္ကဋ္ဌ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

စက်တင်ဘာ-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမှုမှာ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့ တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမယ့် ကဏ္ဍတွေနဲ့ ပတ်သက်ပြီး အကျယ်တဝံ့ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေအကြား အခုထက် ပိုစည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်ကအပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေး ဆက်လက်ပြီး ခိုင်မာစွာ အတူလက်တွဲ ဆောင်ရွက်သွားကြဖို့လည်း ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNUဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ပြီး စစ်ကောင်စီကို တော်လှန်မယ့်လူငယ်တွေကို သင်တန်းပေးတာ၊ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် စစ်ကောင်စီရဲ့ရန် ကြုံနေရသူတွေကို အကူအညီအကာအကွယ် ပေးတာ၊ PDF တပ်မတော်နဲ့ လက်တွဲပြီး စစ်ကောင်စီကို လက်တွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် အင်အားအများအပြား ပြုန်းတီးအောင် ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်စခန်းရာချီသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအနေနဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်ပြီး လူသားဆန်စွာနဲ့ လေးစားစွာ ဆက်ဆံဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံ နှိုးဆော်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ရှိ လေးကေကော်မြို့သစ်ကို သိမ်းဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ KNU နဲ့ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကြောင်းလန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ဖြစ်၍ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကိုတွက်ကာ ပြည်သူတရပ်လုံးက နည်းမျိုးစုံဖြင့် ဆန့်ကျင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က တိုက်တွန်းပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်အတွင်းမှာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး(WY) ဆေးပြား ၆၁၀၀၀၀၀ကျော် (ဆေးပြား ၆သန်းကျော်)ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ယနေ့ စက်တင်ဘာ ၁၉ရက်တွင် သတင်းထုတ်ပြန်သည်။