နိုဝင်ဘာ-၂၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
ပဲခူးတိုင်း၊ ဝေါမြို့နယ််က အဗျားကျေးရွာအုပ်စုက်ို စစ်ကောင်စီတပ် ဝင်ရောက်ပြီး ဒေသခံတွေ ကြံ့ဖွံ့ပါတီမဲပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်က စစ်တပ်ဟာ ဝေါမြို့ပေါ်ကနေ စစ်ကားနှစ်စီးနဲ့ အဗျားကျေးရွာအုပ်စုကို ဝင်ရောက်လာပြီး တစ်အိမ်တစ်ယောက်လူစုဝေးရန် ခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အဲဒီနောက်ရွာသားတွေစုဝေးပြီးချိန်မှာမဲထည့်ကြဖို့နဲ့ ကြံ့ဖွံ့ပါတီကိုမဲထည့်ပေးဖို့ နာရီဝက်ကြာဖိအားပေးပြောဆိုပြီးပြန်ထွက်သွားတယ်လို့သိရပါတယ်။

Public Service Announcement
“ အုပ်ချုပ်ရေးမှူးကနေစခေါ်တာတစ်အိမ်တစ်ယောက်မလာမနေရဆိုပြီ။စစ်တပ်ကခေါ်တာဆို တော့ကြောက်ပြီသွားရတယ်။အုပ်ချုပ်ရေးမှူး အိမ်မှာပဲ” လို့ အဗျားရွာခံတစ်ဦးက ပြောပါတယ်။
အဗျားကျေးရွာအုပ်စုဟာအဗျားအထက်စု၊အောက်စုနဲ့ အလယ်စုဆိုပြီး ကျေးရွာတွေရှိကာ နိုဝင်ဘာ ၁၈ ရက်က စစ်တပ်ဝင်ရောက်ခဲ့တဲ့ ကျေးရွာဟာ အဗျားအထက်စုလို့ သိရပါတယ်။
အဗျားကျေးရွာအုပ်စုဟာ ဝေါမြို့အနီး အရှေ့ဘက်ခြမ်းမှာရှိပြီးစစ်ကောင်စီက၎င်းတို့ လက်လှမ်းမီစိုးမိုးတဲ့ရွာတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စည်းရုံးတာတွေ ဆက်တိုက်လုပ်နိုင်တယ်လို့ ဝေါ ပကဖ တာဝန်ရှိသူက အသိပေးပါတယ်။
“ အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက် လက်မခံဘူး။ပြည်သူကို လိမ်ပြီးတော့ နိုင်ငံရေး ထွက်ပေါက်ဖြစ်အောင်လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။
လာမယ့် ဒီဇင်ဘာနောက်ဆုံးပတ်မှာလုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲကိုတော်လှန်ရေးအင်အားစု အတုအယောင် ဖြစ်တယ်လို့ ကြေညာထားပါတယ်။ကုလသမဂ္ဂ အပါအဝင် ဒီမိုကရေစီအားပေးတဲ့နိုင်ငံတွေက စစ်တပ်ရွေးကောက်ပွဲဟာ လွတ်
လပ်မျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ပဲ ၊စစ်တပ်က တရားဝင်မှုရလိုတာကြောင့် ဟန်ပြလုပ်တဲ့ရွေးကောက်လို့ဝေဖန်ထားကြပါတယ်။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာစစ်တပ် ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေလည်း နိုင်ငံတဝန်းရှိနေပါတယ်။

















































