close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ မဲမပေးကြဖို့ ကချင်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေဆန္ဒပြ

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၀၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၀)မှာ ပြုလုပ်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်မှာ မှော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်မှုအဖြစ် “ စစ်အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီအပြောင်းအလဲဆိုတာ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေးလိုပဲ ဖြစ်လိမ့်မယ်(သခင်စိုး)” ၊ “ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးပါနဲ့” စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာလည်း အောင်

Public Service Announcement

Public Service Announcement

လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက “ OUR AMBASSAOR MYANMAR’S VOICE” ၊ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်စစနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဆက်စပ်သတင်းများ

သတင်း

သမိုင်းတရားခံမဖြစ်ဖို့ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ နိုဝင်ဘာ ၂၀ရက်မှာ ထပ်မံ နှိုးဆော်လိုက်ပြီး ‘စစ်မှန်သော နိုင်ငံရေးဖြေရှင်းချက်မဟုတ်’ သောရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့မှာ ယ​နေ့ မနက်ပိုင်း က တရုတ်အစိုးရ အားပေး ကူညီ မှုနဲ့စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင့် ကန့်ကွက်​ကြောင်း ဆန္ဒပြကြပါတယ် ။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုရဲ့ ရပ်တည်ချက်နဲ့အညီ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU ဒူးသထူခရိုင်(သထုံခရိုင်)က ဒီကနေ့ နိုဝင်ဘာ ၁၈ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်​ရွေး​ကောက်ပွဲကိုမပူးပေါင်းဖို့၊မကူညီဖို့ အသိအမှတ်မပြုဖို့ တိုက်တွန်း