close
Connect with us

Hi, what are you looking for?

သတင်း

ရုပ်အလောင်းသွားပို့တဲ့ သန်လျင် အောင်မြင့်မိုရ်လူမှုကူညီရေးယာဥ် တိမ်းမှောက်ပြီး အသင်းဥက္ကဌ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ကနေ မကွေးတိုင်းရုပ်အလောင်းသွားပို့တဲ့ ပရဟိတယာဥ် တိမ်းမှောက်ရာကနေ အသင်းဥက္ကဌ သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီဇင်ဘာ-၃၊၂၀၂၅။ဟာနာဆန်/People’s Spring

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ကနေ မကွေးတိုင်းရုပ်အလောင်းသွားပို့တဲ့ ပရဟိတယာဥ် တိမ်းမှောက်ရာကနေ အသင်းဥက္ကဌ သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သန်လျင်မြို့နယ်က အောင်မြင့်မိုရ်လူမှုကူညီကယ်ဆယ်ရေးအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က မကွေးတိုင်းဘက်ကို ရုပ်အလောင်းသွားပို့ပြီးနောက်အပြန် တောင်ညိုလမ်းတနေရာမှာ ယာဥ်တိမ်းမှောက်ခဲ့ကြောင်း၊ ကားပေါ်ပါ ဥက္ကဌ ဦးစိုးနိုင်(ခ)ဦးကျီးကန်းနဲ့ အခြားအသင်းသားတစ်ဦးဟာ ဒဏ်ရာတွေ ရခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခဲ့ရကြောင်း နီးစပ်သူတွေက ပြောပါတယ်။

အဲဒီနောက် ၄ရက်အကြာ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းမှာတော့ အသင်းဥက္ကဌဖြစ်သူဟာ ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ မကွေးတိုင်းကို သန်လျင်က DB(သေဆုံးရုပ်အလောင်း)ပို့ပြီး အပြန်လမ်းပြင်နေတဲ့နေရာ မျက်ကွယ်ဖြစ်နေလို့ မှောက်သွားတာပြောတယ်” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အောင်မြင့်မိုလ်လူမှုကူညီကယ်ဆယ်ရေးယာဥ်ဟာ သန်လျင်မြို့နယ်မှာ ဆေးရုံမှလူနာတွေကို အခြားဒေသသို့ မကြာခဏလွှဲပြောင်းပို့ဆောင်ပေးတဲ့အရေးပေါ် ကားတစ်စီးဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ