close
Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးကို မြို့ပြအဖွဲ့တိုက်ခိုက်

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် လုပ် ဆောင်နေတဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - မြို့ပြကြွက်

ဒီဇင်ဘာ-၂၉၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် လုပ် ဆောင်နေတဲ့ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

“ မြေပြင်သတင်းပေးပို့မှု အရပ်ဝတ် ရခနှစ်ဦး ၊ ပျူ အရပ်အခေါ် ဆယ်အိမ်မှုးတစ်ဦး ပေါင်း သုံးဦး ၊စံပြဆေးရုံမှာတင်ထားရ” လို့ ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပြုလုပ်တဲ့ ဒီဇင်ဘာ ၂၈ ရက်ည ၁၁နာရီလောက် မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံး နှစ်လုံး လက်လုပ်မိုင်း နှစ်လုံး နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

မြို့ပြကြွက်အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်လုပ်ဆောင်နေသူတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး ရွေးကောက်ပွဲအတွက်ကူညီတဲ့ စီးပွားရေး သမားတွေကိုလည်း အရေးယူတော့မယ်လို့ သတိပေးထားပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ပူးပေါင်းခြင်းမရှိပဲ No Vote ပြုလုပ်ပေးတဲ့ပြည်သူတွေကို ကျေးဇူးတင်သလို ပြည်သူတွေရဲ့ ပါဝင်မှုကြောင့် အားတတ်ရတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်းရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံး မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

သတင်း

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာဟာ စစ်ကောင်စီက ရွေးကောက်ပွဲကတဆင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူဖို့ လုပ်ဆောင်နေတာ၊ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ လုပ်ဆောင်နေတာတွေကို လူထုနဲ့ နိုင်ငံတကာ သိစေဖို့ဖြစ်ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) တွဲဖက်အတွင်းရေးမှူး(၂) စောအယ်ထီးကော်က ပြောပါတယ်။

သတင်း

ဒီကနေ့လုပ်​နေတဲ့ စစ်တပ်ရွေးကောက်ပွဲမှာ ရန်ကုန်မြို့မှာ မဲပေးသူအလွန်နည်းပါးလျက်ရှိပါတယ်။