ဇန်နဝါရီ-၃၊၂၀၂၆။ဇေအောင်/People’s Spring
ရွေးကောက်ပွဲလုပ်မယ့် မြင်းမူမြို့နယ်မှာစစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကိုပါ ဓါးစာခံဖမ်းဆီးထားကြောင်း ဒေသခံများက ပြောပါတယ်။
ဇန်နဝါရီ၂ ရက်မနက်ပိုင်းကစစ်ကိုင်း၊တပ်မ(၃၃)ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ မြင်းမူမြို့နယ်၊ တွင်းကြီးရွာမှာ ညအိပ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောပါတယ်။
“ အလ္လကပ္ပရွာက ပြည်သူတွေကိုလည်း ဓားစာခံ ဖမ်းစီးထားတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

Public Service Announcement
ဒါ့အပြင် စစ်တပ်စစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် ကျေးရွာအချို့က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရပါတယ်။
စစ်တပ်ဟာ လာမယ့်ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကို ပြုလုပ်မယ်လို့ ကြေညာထားပြီး စစ်ကိုင်းတိုင်းထဲမှာ မြင်းမူမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ ပြုလုပ်ဖို့ စီစဥ်နေပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနေပါတယ်။

















































