ဇန်နဝါရီ-၁၄၊ ၂၀၂၆ မေရီ/People’s Spring
မန္တလေးမြို့လယ်မှာ ဒီကနေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်လို့ ဆေးရုံပို့လိုက်ရကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ဝန်းကျင်က မန္တလေးမြို့လယ်၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနဲ့ ၃၅ လမ်းကြား၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြားမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
နာရီဝက်ခန့်ကြာအောင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးပြီး အမျိုးသမီးတစ်ဦး မီးခိုးမွှန်ကာ အရေးပေါ်ကားနဲ့ဆေးရုံပို့လိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

“ ဝင်းကြားထဲလောင်တာ။ မီးတွေက အဝေးကတောင် လှမ်းမြင်ရတယ်” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒီကနေ့ မီးလောင်မှုဖြစ်တဲ့ ချမ်းအေးသာစံမြို့နယ်မှာပဲ ၃၅ လမ်း ၇၃ လမ်းနဲ့ ၇၄ လမ်းကြားမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ်အချို့ ပျက်စီးခဲ့ပါသေးတယ်။

















































