close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်အုပ်စုက ကျောက်သမားတွေကျောက်လိုင်စင်မပါရင် ကျပ်သိန်းချီတောင်းနေ

မန္တလေးမြို့မှာ စစ်အုပ်စုက ကျောက်သမားတွေကို ကျောက်လိုင်စင်ပါမပါ စစ်ဆေးနေပြီး လိုင်စင်မပါရင် ကျပ်သိန်းချီ တောင်းနေကြောင်း ကျောက်သမားတွေက ပြောပါတယ်။

အာဏာသိမ်းကာလ အစောပိုင်းက မန္တလေးမြို့ပေါ်တွင် စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဒီဇင်ဘာ-၂၁၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်အုပ်စုက ကျောက်သမားတွေကို ကျောက်လိုင်စင်ပါမပါ စစ်ဆေးနေပြီး လိုင်စင်မပါရင် ကျပ်သိန်းချီ တောင်းနေကြောင်း ကျောက်သမားတွေက ပြောပါတယ်။

မန္တလေးမြို့က လမ်းတွေပေါ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးရေးအဖွဲ့တွေဟာ ဆိုင်ကယ်တွေကို စစ်ဆေးရင်း ကျောက်သမားတွေ ပါလာရင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်ခွင့် ပါ၊မပါစစ်ဆေးပြီး မပါရင် ငွေတောင်းယူနေတာဖြစ်ကြောင်း ကျောက်သမားတွေက ပြောပါတယ်။

“ သုံးလေးသောင်းနဲ့မရဘူး။ လေးငါးသိန်းတောင်းတာ။အိတ်ပါရင်ကို စစ်တော့တာ။ ကျောက်ကြည့်ဓာတ်မီးတွေလည်းပါတော့ ငြင်းမရတော့ဘူး” လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မျက်လိုင်စင်ဟာ မန္တလေးကျောက်မျက် အသင်းကို တရားဝင်ပေးသွင်းရမယ့် လိုင်စင်ကြေးကတော့ ကျောက် အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ တစ်နှစ်ကို ကျပ်သုံးသောင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လိုင်စင်ကြေးဟာ ကျပ်သုံးသောင်းမကဘဲ သိန်းချီတောင်းနေလို့ အများစုသက်တမ်းမတိုးကြတော့ကြောင်း ကျောက်သမားအချို့က ပြောပါတယ်။

“ အရောင်းအဝယ်တွေက မကောင်းရတဲ့အထဲ လိုင်စင်လည်းထပ်မတိုးနိုင်ဘူး” လို့ အခြားကျောက်သမားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့အဖွဲ့စုံ စစ်ဆေးရေးအဖွဲ့ဟာ ကျောက်တွေကိုပါ အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေပြီး ငွေသိန်းချီပေးမှ ပြန်ပေးကြောင်း ကျောက်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးရေးအဖွဲ့ဟာ မန္တလေးမြို့ပေါ်မှာ တစ်ရက် ၁၅ ဖွဲ့ထက်မနည်း လှည့်လည်စစ်ဆေးနေပြီး လူငယ်တွေကို ခန္ဓာကိုယ်အနှံ့ရှာဖွေတာ၊ ဖုန်းစစ်တာတွေပါ ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကျေးရွာအချို့က ပြည်သူလူထုနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၁ရက် သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း

ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုဖြစ်၊အာဏာရှင်စနစ် ချေမှုန်းနိုင်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း ၄၀ ကျော် စုပေါင်းထုတ်ပြန်

သတင်း

အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအားသတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့်ရက်စက်ကြမ်းကြုတ်သောစစ်ရာဇဝတ်မှုဖြစ်ကြောင်း လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၄၅ဖွဲ့က စုပေါင်းထုတ်ပြန်ခဲ့ပြီး အဲဒီဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်ရဲ့ လူမျိုးရေးမုန်တီးလှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရမယ်လို့ သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်း သင်တန်းကာလတွေကို တိုးမြှင့်လေ့ကျင့်ပေးလာနေပြီး စစ်သင်တန်းကျောင်းနေရာတွေကိုလည်းတိုးချဲ့ဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ကဒီနေ့ ( ဒီဇင်ဘာ ၁၆ ရက် )မှာ ဖော်ပြပါတယ်။