close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်လက်နက်ချဟုဆို

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၄ရက်မှာ ထပ်မံထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ထပ်မံ သိမ်းရသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးလက်နက်ချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

<!-- wp:paragraph --> <p>(ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်မဟာမိတ်များ ​၂၀၂၅ ဖေ​ဖော်ဝါရီ လဆန်းတွင်သိမ်းဆည်းရရှိ​သောလက်နက်များ နှင့် တင့်ကားတပ်ရင်း ၅၀၁၄။ ဓါတ်ပုံ- ကချင်​တောင်တန်း)

ဇန်နဝါရီ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၄ရက်မှာ ထပ်မံထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ထပ်မံ သိမ်းရသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးလက်နက်ချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်စစ်ရေးအောင်ပွဲတွေကို ဖော်ပြလေ့ရှိတဲ့ သတင်းရင်းမြစ်တဦးက ဇန်နဝါရီ ၁၄ရက်မှာ ဗန်းမော် အခြေစိုက် စစ်ကောင်စီရဲ့ ထောက်ပံ့ရေးတပ် ထပရ(၉၃၃)တပ်ရင်းအဝင် ခြေကုတ်စခန်းကို သိမ်းပိုက်ရရှိကာ ရန်သူ ၂၀ခန့်လက်နက်ချကြောင်း လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက “ ဒါကတော့ ဟုတ်တယ်။ ဟုတ်တယ်လို့ပဲ အတည်ပြုလို့ရပါတယ်” လို့ ဇန်နဝါရီ ၁၄ရက် ညပိုင်းမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တဦးကလည်း ထိုးစစ်ဆင်မှု ပြန်လည်စတင်တဲ့နေ့ ဇန်နဝါရီ ၁၄ရက်မှာ ဗန်းမော် အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁)၊ ခလရ(၄၇)၊ စနခ(၆၄၁)တပ်ရင်းနဲ့ မြို့တွင်းနေရာတွေ အများအပြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စွဲရာနေရာအချို့ကို သိမ်းရထားတယ်လို့ ကြားရကြောင်း ပြောထားပါတယ်။

စစ်ကောင်စီကလည်း မနေ့က ဗန်းမော်တိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ထက်မနည်း ပြုလုပ် တုန့်ပြန်ခဲ့ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့ သိမ်းနိုင်ဖို့ ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကာ KIA ပူးပေါင်းတပ်ဟာ မြို့ကို သိမ်းနိုင်ရေး အကြိမ်ကြိမ် ထိုးစစ်ဆင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီးဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက်စက်သေ နတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့်ဗန်းမော်မြို့၌ယနေ့(ဩဂုတ်၂၅ရက်)တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ(၂၁) အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီ၏ တပ်မသားစုဝင်များ ပါဝင်သော သုံ့ပန်း ၁၆၀ ကျော်ကို တိုက်ပွဲ ဖြစ်ပွားရာ မြို့တွင်းမှ မြို့ပြင်နေရာသို့ ခေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် KIA သတင်းရင်းမြစ်အချို့က ပြောသည်။