close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာလက်နက်ကြီးကျလို့ နှစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော်ဒဏ်ရာရ

ကချင်ပြည်နယ်၊ဖားကန့်ဒေသရှိ ကာလီချောင်ရွာမှာဒီနေ့(ဖေဖော်ဝါရီ လ ၃ ရက် ) မနက်ပိုင်းက လက်နက်ကြီးကျည်ကျတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ – ၃ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်ဒေသရှိ ကာလီချောင်ရွာမှာဒီနေ့(ဖေဖော်ဝါရီ လ ၃ ရက် ) မနက်ပိုင်းက လက်နက်ကြီးကျည်ကျတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီမနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီး ကျည်ကျတာဖြစ်ပြီး အမျိုး သား နှစ်ဦးသေဆုံးကာ ကလေးငယ်တွေနဲ့အမျိုးသမီးတွေလည်းထိခိုက်ဒဏ်ရာရသွားတာလို့ဒေသခံက ပြောပါတယ်။

သေဆုံးသူ နှစ်ဦးမှာတော့ အသက် ၁၃ နှစ်အရွယ်ယောကျ်ားလေးတစ်ဦးပါဝင်ပါတယ်။လက်နက်ကြီး ကျည်ကျတဲ့ ကာလီချောင်ကျေးရွာဟာ ဖာကန့် ဗျုဟာကုန်းရဲ့ အနောက်ခြမ်းမှာရှိတဲ့ရွာဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ကြီးကျတာကိုကြုံရတဲ့ရွာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ (ဖေဖော်ဝါရီ ၂ ရက် ) မနက်ပိုင်းကလည်း ဖားကန့်မြို့ ၊ဌက်ပျောတောရပ်ကွက်ရှိ အထက် တန်းကျောင်းပေါ် လက်နက်ကြီးကျည်ကျတာကြောင့် ကလေးငယ်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ဖြစ်ထား ပါတယ်။

ဖားကန့်မြို့နယ်တွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့လေကြောင်းရန် နဲ့ လက်နက်ကြီးရန် သတိပြုကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဓာတ်ပုံ- Hkun Naung

ဆက်စပ်သတင်းများ