ဖေဖော်ဝါရီ-၃၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းမြို့အဝင်မှာ လိုင်စင်မဲ့ကားတွေကိုလိုက်ပို့နေတဲ့ ရဲအုပ်လင်မယားနဲ့ ရဲတပ်သား အောင်မြင့်ဦးတို့ PDF ရဲဘော်တွေရဲ့ စစ်ဆေးရေးနဲ့တွေ့ပြီး ဖမ်းဖို့ကြိုးစားစဉ် ခုခံတာကြောင့် ပစ်ခတ်လိုက်ရတယ်လို့ မင်းကွန်းတိုက်နယ်ပလဖ တာဝန်ခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ရက် မွန်းလွဲ ၁၂နာရီခန့်မှာ စစ်ကိုင်းမြို့အထွက်နဲ့ ကပ်လျက်မှာ တော်လှန်ရေးပူး ပေါင်းတပ်တွေ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန်မှာ ရဲအုပ်အောင်မျိုးဦးနဲ့ ဇနီး၊ရဲတပ်သား အောင်မြင့်ဦးတို့ကို လိုင်စင်မဲ့ကားတွေနဲ့အတူ တွေ့ရှိပြီး ဖမ်းဆီးဖို့ပြုလုပ်စဉ် ခုခံတာကြောင့်ပစ်သတ်လိုက်ရတယ်လို့ မင်းကွန်းတိုက်နယ်၊ပလဖတာဝန်ခံက ပြောပါတယ်။

“ တခါတလေ ကျွန် တော်တို့က အဲဒီအနားမှာ ရှောင်တခင်စစ်လေ့ရှိတယ်။ဖမ်းတဲ့အချိန် ရဲအုပ်လင်မယားက ပြန်ခုခံတာမို့ ပစ်ခတ်ကြတယ်။ရဲတပ်သားကတော့ ဖမ်းမိခဲ့ပြီးမှ ရရှိဒဏ်ရာနဲ့ပဲ ဆုံးသွားတာပါ” လို့ မင်းကွန်းတိုက်နယ်ပလဖ တာဝန်ခံက ပြောပါတယ်။

Public Service Announcement

ဖမ်းဆီးချိန်မှာ M-16 တစ်လက်၊ကျည်၅၀ တောင့်နဲ့ လိုင်စင်မဲ့ကား ၃စီးတို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ်ပလဖ၊ပြည်သူ့စစ်သည်တော်အထူးပြောက်ကျားတပ်ဖွဲ့၊မတ္တရာမြို့နယ် တိုက်နယ်၆ နဂါးနီလှုပ်ရှားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

















































