close
Connect with us

Hi, what are you looking for?

သတင်း

ပုလဲမှာ တိုက်ပွဲဆက်ပြင်းထန်၊ စစ်တပ်က ဓာတုဗုံး အသုံးပြုဗုံးကြဲ

ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲ​တွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်​နေပါတယ်။

ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့ဝင်​တွေ ။ ဓါတ်ပုံ-NUG

မတ်-၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲ​တွေဆက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဓာတုဗုံးအသုံးပြုတိုက်ခိုက်​နေပါတယ်။

ပုလဲမြို့နယ်မှာ ဖေဖော်ဝါရီလ၂၁ရက်နေ့ကစပြီး စစ်တပ်စစ်ကြောင်းတွေ ဝင်လာခဲ့ပြီး ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲက ဖေဖော်ဝါရီလ၂၈ရက် နေ့လယ်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစပြီး ၃ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

မတ်လ ၂ရက်မှာ စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ လေးစီးနဲ့ ဗုံးကြဲခဲ့တာမှာ ဓါတုဗုံးကိုစတင်အသုံးပြုလာတယ်လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ညပိုင်းအထိ ဗုံးကြဲတာ။ဓာတုဗုံးပါစသုံးလာတာပါ။ တိုက်ပွဲက ပြင်းထန်နေဆဲပါဗျ” လို့ အထက်ပါရဲ​ဘော်ကပြောပါတယ်။

မတ်လ ၁ရက်နေ့က တိုက်ပွဲမှာ PDFနဲ့ ပကဖပူးပေါင်းတပ်တွေက စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုကြောင့် မြေပြင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ရော ပါရာမော်တာနဲ့ပါ ဗုံးကြဲပြီး ​မြေပြင်စစ်​ကြောင်းကိုပစ်ကူ​ပေးခဲ့ပါတယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုတွေများပြားနေပြီး ကာကွယ်ရေးရဲဘော်အချို့လည်းကျဆုံးတာရှိပါတယ်။

ပုလဲမြို့နယ်ထဲမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA အဖွဲ့ရဲ့ စခန်းတွေကို PDF၊ပကဖပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ၁၇ရက်နေ့မှာ စီးနင်းခဲ့ပါတယ်။ ဗိုလ်နဂါးနဲ့အဖွဲ့ဝင်အချို့က ဖေဖော်ဝါရီလ၁၈ရက်နေ့မှာ စစ်ကောင်စီနဲ့ပူးပေါင်းသွားပါတယ်။ ဖေဖော်ဝါရီလ၁၉ရက်နေ့ကစပြီး စစ်ကောင်စီက ပုလဲမြို့နယ်ထဲကိုအင်အားတွေပို့ဆောင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ၂၁ရက်နေ့ကစပြီး စစ်ကောင်စီက ပုလဲမြို့အနီးက ရွာတွေကို စစ်ကြောင်း‌ ၂ကြောင်းခွဲပြီး ဝင်နေတာပါ။ စစ်ကြောင်းထိုးတဲ့ရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒေသခံတွေကိုစည်းရုံးရေးလုပ်သလို PDF တွေနဲ့ ပတ်သက်တဲ့အိမ်တွေကို မီးရှို့တာ၊ ဒေသခံအချို့ကို ဖမ်းဆီးစစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ဗိုလ်နဂါးနဲ့ လက်နက်ချBNRAတပ်ဖွဲ့ဝင်တွေပေးလိုက်တဲ့တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်တွေရဲ့ တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့အဖွဲ့ဝင်အချို့လည်း စစ်ကောင်စီထံလက်နက်ချသွားတာဖြစ်ပါတယ်။

မတ်လ ၃ရက်မနက်ပိုင်းမှာ ဆီးဖြူကုန်းပျူရွာကနေ စစ်ကောင်စီစစ်ကြောင်းတွေ ထပ်ထွက်လာပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ စစ်ရေးအခြေအနေကို ဒေသခံတွေက စောင့်ကြည့်နေပြီး ကျေးရွာ ၁၂ ရွာခန့်ဟာ ယာယီစစ်ရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က ဒေသခံပြည်သူ ၂ဦးကို ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက ဒီနေ့ မတ်လ ၂ရက်မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခဲပြည်သူ ၅ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook