မတ်-၅၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အ ရှေ့ခြမ်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီး၂ဦး သေဆုံးပြီး အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၅ရက် ဒီကနေ့ညနေ ၄နာရီ၄၇မိနစ်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ကောလင်းမြို့နယ်၊ရွှေဘို- မြစ်ကြီးနားလမ်းအနီးရှိ ကချင်ကုန်းကို ဗုံးကြဲခဲ့ရာ အမျိုးသား တစ်ဦးနဲ့ ဈေးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ချိန်မှာ ဈေးသည်အမျိုးသမီး ထပ်မံ သေဆုံးခဲ့တာလို့ သိရပါတယ်။
အဲဒီဂျက်ဖိုက်တာကပဲ ရှောက်ပင်ကုန်းကျေးရွာဘုန်းကြီးကျောင်းကိုလည်း ဗုံး ၃လုံးကြဲရာ ဘုန်းကြီးကျောင်းပျက်စီးပြီး ကျောင်းစောင့် လင်မယားနှစ်ဦး ထိမှန်ကာ အမျိုးသမီး သေဆုံးပြီး အမျိုးသားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
” လေးကြိမ်ကြဲတာဗျ။ဈေးသည်အမျိုးသမီးက ကိုယ်ဝန်သည်၊ဆိုင်ကယ်နဲ့ ဈေး ရောင်း နေတာ။ဆေးရုံပို့တဲ့အချိန်လမ်းမှာတင် သေသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံပြည် သူတွေသေဆုံးခဲ့တာလို့ သိရပါတယ်။




















































