မတ်-၂၈ ၊ ၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့မှာ ပျူစောထီးတစ်ဦးကို ဖမ်းမိတယ်လို့ မြို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။
ကျောမြို့ လျှပ်စစ်ရုံးနဲ့ ကြားစခန်း အကြားမှာ ဒီကနေ့(မတ်လ ၂၈ ရက်)က ဖမ်းမိခဲ့တာဖြစ်ပြီး လက်နက်ငယ်တစ်လက်နဲ့ ခဲယမ်းအချို့ ပါရှိတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ ကင်းလှည့်ရင်းမိတာ။လျှပ်စစ်ရုံးနဲ့ ကြားစခန်းအကြားက မီတာ ၁၂၀၀ကျော်ကွာတယ်။ ကြားစခန်းဆိုတာက ဥမင်လှိုဏ်ခေါင်းဖောက်ရင်းကြာတော့ ပစ္စည်းအစုတ်တွေ ထားတဲ့နေရာမျိုး” လို့ အထက်ပါတာဝန်ရှိသူက ဖမ်းမိတဲ့ ဖြစ်စဥ်ကိုရှင်းပြပါတယ်။

Public Service Announcement
ဖမ်းမိတဲ့ ပျူစောထီးပြည်ဖြိုးအောင်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်း စိစစ်ပြီး အပြစ်ပေးမယ်လို့ ဆိုပါတယ်။
ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။
ကျောမြို့စစ်ကောင်စီ ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောမြို့မှာရှိတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။




















































