close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်အနုပညာရှင် ဂျက်ဆန်ထွန်း ကွယ်လွန်

တော်လှန်ရေးကာလတစ်လျှောက် ပြည်သူ့ဘက်မှာရပ်တည်ခဲ့တဲ့ ကချင်တိုင်းရင်းသားအဆိုတော် ဂျက်ဆန်ထွန်း လိုင်ဇာမြို့မှာကွယ်လွန်သွားတယ်လို့ အဆိုတော် မိုင်းမိုင်ဆိုင်းကပြောပါတယ်။

ဧပြီ-၁၀၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်ရေးကာလတစ်လျှောက် ပြည်သူ့ဘက်မှာရပ်တည်ခဲ့တဲ့ ကချင်တိုင်းရင်းသားအဆိုတော် ဂျက်ဆန်ထွန်း လိုင်ဇာမြို့မှာကွယ်လွန်သွားတယ်လို့ အဆိုတော် မိုင်းမိုင်ဆိုင်းကပြောပါတယ်။

“ လိုက်ဇာမှာ ကွယ်လွန်တာပါ။ဆေးသွားကုပြီး‌တော့ အခြေအနေအရ လိုင်ဇာကိုပြန်ခေါ်လာခဲ့ရတာ။ လိုင်ဇာရောက်တာနဲ့ကွယ်လွန်သွားတာ” လို့ မိုင်းမိုင်ဆိုင်းကပြောပါတယ်။

ဂျက်ဆန်ထွန်း (ခ) Lahtaw Zau Lum က အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဧပြီ ၉ ညနေ လေးနာရီကျော်မှာ ကွယ်လွန်သွားတာပါ။

Public Service Announcement

Public Service Announcement

ဂျက်ဆန်ထွန်းကို ဧပြီ ၂ ရက်အထိ လိုင်ဇာမြိုနယ် ဆေးရုံမှာ ဆေးကုသခဲ့ပြီး မသက်သာတာကြောင့် Miwa မြို့ကဆေးရုံကို ပြောင်းရွှေ့ကုသခဲ့တယ်လို့ Kachinnews သတင်းဌာနကဖော်ပြထားပါတယ်။

ဂျက်ဆန်ထွန်းက ဦးနှောက်သွေးကြောပေါက်တာကြောင့်ဆေးကုသမှုခံယူရတယ်လို့ သတင်းတွေ ဖော်ပြနေပေမယ့် လူထုနွေဦးအနေနဲ့ သီးသန့်အတည်မပြုနိုင်ပါဘူး။

ဂျက်ဆန်ထွန်းဟာ တော်လှန်ရေးကာလစတင်ချိန်ကတည်းက ပြည်သူ့ဘက်မှာရပ်တည်ကာ လူငယ်တွေစိတ်ဓာတ်််မြှင့်တင် ရေးအတွက်
သူတတ်စွမ်းတဲ့ အနုပညာနဲ့ ကူညီပေးခဲ့သူဖြစ်ပါတယ်။

“ ငါး နှစ်တာလုံး အခက်ခဲပေါင်းစုံ ခရီးစဉ်တွေ အမှတ်တရတွေက တစ်သက်လုံး ဂုဏ်ယူစွာသတိရနေမှာပါ ငါ့အစ်ကိုရေ။
ဒီညီမ ပြောလိုက်ရင် မအားမရှိစေရဘူးကျောပိုးအိတ်တစ်လုံးနဲ့ အဆင်သင့်အမြဲရှိနေပေးသူအခုတော့ ဒီညီမတစ်ယောက်တည်း ဘယ်လိုအားနဲ့ ခရီးတွေသွားရတော့မလဲကွာ” လို့ မိုင်းမိုင်ဆိုင်းက ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

အဆိုတော်ဂျက်ဆန်ထွန်းက မနောမြေမှတေးသံသာ သီချင်းနဲ့ ပရိသတ် အားပေးမှု အများအပြားရရှိခဲ့ပြီး တစ်ကိုယ်တော်ခွေ တွေလည်း ထွက်ရှ်ိခဲ့သူပါ။

ဂျက်ဆန်ထွန်းကွယ်လွန်သွားတဲ့အပေါ် အနုပညာမောင်နှမတွေအပါအဝင် ပရိသတ်တွေကလည်း နှ‌မြောတသဖြစ်ရကြောင်း လူမှူကွန်ရက်တွေမှာ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေနဲ့အတူ ရေးသားထားကြပါတယ်။

“ ဂျက်ဆန်ထွန်း သည် တော်လှန်ရေးကာလ အတွင်း မိမိတတ်ကျွမ်းနေသော အနုပညာဖြင့် ရဲဘော်များ စိတ်ဓာတ်မြှင့်တင်ရန်အတွက် စိတ်အားထက်သန်စွာ ပါ၀င်ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ ဤကဲ့သို့ စွမ်းဆောင်မှုများကို အမှတ် (၁) စစ်ဒေသ မှ ၀မ်းနည်းစွာဖြင့် အထူးဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်။ ချစ်ခင်လေးစားရပါသော ဂျက်ဆန်ထွန်း ကောင်းရာသုဂတိလားပါစေ။” လို့ ပြည်သူ့ကာကွယ်ရေးတပ်တော် အမှတ် (၁) စစ်ဒေသ က ထုတ်ပြန်ထားပါတယ်

ဆက်စပ်သတင်းများ