close
Connect with us

Hi, what are you looking for?

အတွေးအမြင်

ကျုံးနံရံတဘက်စီက ကမ္ဘာတ​ခြမ်း

မန္တလေးနန်းမြို့ကျုံးဘေးတစ်လျှောက်မှာ သင်္ကြန်အတွက် ပြင်ဆင်နေတဲ့ လက်သမားတွေရဲ့ တူထုသံတွေက ဆူညံလို့နေပါတယ်။ ဆောက်လက်စ မဏ္ဍပ်ကြီးတွေက ကျုံးရေပြင်ကို ငုံ့ကြည့်ရင်း ခန့်ထည်ဖို့ ကြိုးစားနေကြတယ်။ မဏ္ဍပ်အမိုးပေါ်မှာ ဆေးရောင်စုံ ဗီနိုင်းတွေ၊ ပိတောက်ပန်းတုတွေနဲ့ အလှဆင်နေကြတယ်။ ကျုံးရေပြင်ပြာပြာဟာ အဲဒီမဏ္ဍပ်တွေရဲ့ ရောင်စုံမီးအလင်းအမှောင်တွေကို ထင်ဟပ်ရင်း တည်ငြိမ်နေပေမဲ့ အဲဒီတည်ငြိမ်မှုအောက်မှာတော့ အေးစက်စက် အငွေ့အသက်တွေ ကိန်းအောင်းနေပါတယ်။

Scorpio/People’s Spring

မန္တလေးနန်းမြို့ကျုံးဘေးတစ်လျှောက်မှာ သင်္ကြန်အတွက် ပြင်ဆင်နေတဲ့ လက်သမားတွေရဲ့ တူထုသံတွေက ဆူညံလို့နေပါတယ်။ ဆောက်လက်စ မဏ္ဍပ်ကြီးတွေက ကျုံးရေပြင်ကို ငုံ့ကြည့်ရင်း ခန့်ထည်ဖို့ ကြိုးစားနေကြတယ်။ မဏ္ဍပ်အမိုးပေါ်မှာ ဆေးရောင်စုံ ဗီနိုင်းတွေ၊ ပိတောက်ပန်းတုတွေနဲ့ အလှဆင်နေကြတယ်။ ကျုံးရေပြင်ပြာပြာဟာ အဲဒီမဏ္ဍပ်တွေရဲ့ ရောင်စုံမီးအလင်းအမှောင်တွေကို ထင်ဟပ်ရင်း တည်ငြိမ်နေပေမဲ့ အဲဒီတည်ငြိမ်မှုအောက်မှာတော့ အေးစက်စက် အငွေ့အသက်တွေ ကိန်းအောင်းနေပါတယ်။

နန်းမြို့ကျုံးပတ်လည် လှပခမ်းနားသလောက် ကျုံးထဲကတနေရာကတော့ အကျည်းတန်လွန်းလှပါတယ်။ နန်းတွင်းထဲမှာ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရုံးစိုက်ပါတယ်။ ရုံးတင်မကပါဘူး နာမည်ကျော် စစ်ကြောစခန်းလည်း နန်းတွင်းထဲမှာ ရှိနေပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတော့ မန္တလေးမြို့က CDM ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်း
သူတွေ၊ နိုင်ငံရေးသမားတွေ၊ အရပ်သားပြည်သူတွေ အများအပြား ဖမ်းဆီးခံခဲ့ရတယ်။ အဲဒီလူတွေကို စစ်အုပ်စုက နာမည်ကျော် နန်းတွင်း စစ်ကြောရေးစခန်းကို ခေါ်သွားလေ့ရှိတယ်။

Public Service Announcement

Public Service Announcement

နန်းတွင်းထဲရောက်ပြီဆိုရင် ဖမ်းလာတဲ့သူတွေ သူတို့နေရမယ့်နေရာကို စစ်သားတွေက ဖားခုန်ခုန်ပြီး သွားခိုင်းတယ်။ လမ်းတစ်လမ်းလုံးကို သူတို့မှာ ရှိတဲ့ သံပိုက်တွေ၊ ဝါးရင်းတုတ်တွေနဲ့ ရိုက်နှက်ပြီး ခေါ်သွားတာရှိတယ်။ ဖားခုန်သလို ခုန်ခိုင်းပြီး ခေါ်တယ်။ ပြီးရင် လက်ကိုခေါင်းပေါ်တင်ပြီး ဒူးထောက်လျှောက်ခိုင်းတာရှိတယ်။

ဖမ်းဆီးထားတဲ့ LGBT တွေကို အစာစွန့်လမ်း
ကြောင်းအတွင်း တုတ်နဲ့ထိုးတာမျိုးတွေရှိတယ်။ အမျိုးသမီး အကျဥ်းသူတွေဆိုရင် နှုတ်နဲ့ကောလက်နဲ့ပါ နည်းမျိုးစုံနဲ့ စော်ကားတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း အများကြီးရှိခဲ့တယ်။ မုဒိမ်းကျင့်တာတွေကအစ ရှိခဲ့တယ်လို့ သိရတယ်။

ဒါ့အပြင် နိုင်ကျဥ်းတွေကို နားတွေကို ဓားတွေနဲ့လှီး၊ ရင်ဘတ်တွေကို မီးစနဲ့ထိုး၊ လက်သည်းတွေကို လှိီးတယ်။ လက်နှစ်ဖက်လုံးကို ကြိုးတွေနဲ့ချည် ထိုင်ခိုင်းထားပြီး ခြေထောက်ကိုလည်း ကြိုးတုပ်ထားချိန် ညို့သကျည်းပေါ် ဒလိမ့်တုန်းနဲ့လှိမ့်တယ်။ ပေါင်တွေကိုရိုက်တယ်။ တစ်ညလုံးလည်း ညှင်းပန်းနှိပ်စက်တယ်။ နိုင်ကျဥ်းတွေဟာ သတိ
လစ်သွားလိုက်၊ ပြန်နိုးလိုက်၊ အရိုက်ခံရလိုက်ပဲ။

တစ်ခန်းနဲ့တစ်ခန်း ကပ်နေတော့ တခြားအခန်းက ရိုက်နှက်သံတွေ ငြီးသံတွေ ကြားရတယ်။ ညဘက်လာခေါ်သွားရင်တော့ အဲဒီအကျဥ်းသား ရှင်လျက်နဲ့ ပြန်ရောက်လာဖို့ မသေချာတော့ဘူး။ အဲဒီလို နန်းတွင်းစစ်ကြောရေးစခန်းရဲ့ ရက်စက်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားသူတွေရှိခဲ့ဖူးတယ်။ နန်းတွင်းစစ်ကြောရေးကနေ လွတ်လည်းမလာ၊ အကျဥ်းထောင်လည်းမရောက်ဘဲ ပျောက်ဆုံးသွားတဲ့သူတွေ အများကြီး ရှိနေတယ်။

မနက်ဖြန် သင်္ကြန်ရောက်တော့မယ်။ နာမည်ကျော်စစ်ကြောရေးစခန်းရှိတဲ့ အုတ်နံရံတဘက်မှာတော့ သင်္ကြန်ပွဲတော်ကြီး ကျင်းပကြတော့မယ်။ ကျုံးဘေးပတ်လည် မဏ္ဍပ်ပေါင်း ငါးဆယ်နီးပါး ပြု
လုပ်မယ်ဆိုပြီး စစ်အုပ်စုက ကြေညာထားတယ်လို့ သိရတယ်။ ဒါ့အပြင် မဏ္ဍပ်ဆောက်မယ့်သူတွေကိုလည်း အခွန်လုံးဝပေးစရာမလိုဘူးဆိုပြီး မဏ္ဍပ်တွေပိုများလာအောင် စည်းရုံးသိမ်းသွင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကိုဗစ်ရောဂါကြောင့် ပိတ်လိုက်ရတဲ့ ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကနေ စတင်ရေတွက်မယ်ဆိုရင် ဒီနှစ်သင်္ကြန်ဟာ သင်္ကြန်ရသစစ်စစ်မရတဲ့ ၇ နှစ်
မြောက် သင်္ကြန်ပါ။ ဒီနှစ်မှာလည်း အာဏာသိမ်းစစ်တပ်က မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ရာဒေသတွေမှာ သင်္ကြန်ကို အရင်နှစ်တွေထက် ပိုပြီး စည်ကားအောင် လုပ်ဖို့ ဖိအား​ပေးနေတာပါ။ ပြည်သူတွေ ပျော်ရွှင်နေပါတယ်ဆိုတဲ့ပုံရိပ်ကို ပြသနိုင်အောင်ပေါ့။

ကျုံးဘေးသင်္ကြန်ကို ဘယ်သူတွေလာမလဲ။ လာတဲ့သူတွေကို သုံးပုံပုံကြည့်မယ်ဆိုရင် တစ်ပုံက စစ်ကောင်စီထောက်ခံသူတွေပါ။ နောက်ထပ်တစ်ပုံကတော့ ကြားနေ။ ဘယ်သူဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့လူတန်းစားတွေပါ။

နောက်ထပ်တစ်ပုံကတော့ ရပ်ကွက်တွေနဲ့ နယ်ကနေတက်လာတဲ့ အခြေခံလူတန်းစားလေးတွေပါ။ သူတို့က သိန်းချီပေးရတဲ့ ဘားတွေကလပ်တွေက ပရိုက်ဗိတ်သင်္ကြန်တွေကိုလည်း မသွားနိုင်ဘူး။ သုံး​လေးသောင်းပေးမှ ဝင်ရမယ့် ကစားကွင်းတွေကိုလည်း မသွားနိုင်ဘူး။ စစ်အုပ်စုဝင်တွေ ထိုးပေးမယ့် ရေပိုက်တွေအောက် အလုအယက်တိုးဝှေ့ကြရမယ့်လူတွေ။စစ်အုပ်စုအပေါင်းအပါတွေ ဝေခြမ်းပေးမယ့် ထမင်းထုပ်တွေ အငမ်းမရ ဝင်စားကြရမယ့်လူတွေ။ ငွေမရှိလို့ စစ်မှုထမ်းကြေးမပေးနိုင်လို့ ပေါ်တာအဆွဲခံရတဲ့သူတွေကလည်း ဒီလူတွေ။ စစ်အု​​ပ်စုရဲ့ ပျော်ပွဲရွှင်ပွဲတွေစည်ကားကြောင်း အသုံးချခံရမှာလည်း ဒီလူတွေ။ ဒီလူတွေကို မပျော်ပါနဲ့လို့ ဘယ်လိုများ တားရက်မလဲ။

အခုဆိုရင် စစ်တပ်က အညာအပါအဝင် တော်လှန်ဒေသတွေမှာ ပြည်သူတွေကို လေကြောင်းကနေ ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်နေဆဲပါ။ စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေတုန်းပါ။ မြို့ပေါ်မှာလည်း စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးနေတုန်းပါ။ ဒီကြားထဲကနေ ပြည်သူတွေကို အသုံးချပြီး သင်္ကြန်ကာလ ပျော်နေသယောင် လိမ်လည်ပါဦးမယ်။ နန်းတွင်းထဲ စစ်ကြောရေးစခန်းထဲက အသံတွေကိုလည်း သင်္ကြန်မဏ္ဍပ်ကအသံတွေက ဖုံးလွှမ်းသွားပါဦးမယ်။

(ဧပြီ ၁၀ ရက်က မန္တလေးမြို့တော်မဏ္ဍပ် အစမ်းဖွင့်လေ့ကျင့်နေစဥ်/စစ်တပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ထိုင်ထားသလို နာမည်ဆိုးနဲ့​ကျော်ကြားတဲ့ နန်းတွင်းစစ်​ကြော​ရေးရှိတဲ့ မန္တ​လေးနန်းတွင်းနဲ့မြို့ရိုးကို​တွေ့ရစဥ်။

ဓာတ်ပုံ-MCD Screen Grab ၊ CJ ၊AFP )

ဆက်စပ်သတင်းများ

သတင်း

သင်္ကြန်အကြိုနေ့မှာစစ်တပ်ကရွှေဘိုမြို့နယ်အနောက်ခြမ်း၊ဆိပ်ခွန်ရွာဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့တာ​ကြောင့် သင်္ကြန်တွင်း ရဟန်းခံထားတဲ့ သံဃာတပါး ပျံလွန်ခဲ့ပြီး ၃ပါးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

သတင်း

သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၇ ရက်နေ့က ဖားကန့်ပြည်သူ​တွေ နဲ့ လုံးခင်းသပိတ်အင်အားစု​တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သင်္ကြန်သံချပ်ထိုးခြင်းကို ၆ နှစ်မြောက်ပြုလုပ်ခဲ့ကြပါတယ်။