close
Connect with us

Hi, what are you looking for?

အတွေးအမြင်

သင်္ကြန်မိုးရုပ်ရှင်ထဲက ကျေးညီနောင်ဗားရှင်းအသစ်

သင်္ကြန်ရောက်တော့မည်ဟု ဆိုလိုက်သည်နှင့် စိတ်အာရုံထဲတွင် အလိုအလျောက် ပေါ်လာတတ်သည်မှာ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းများ၊ သင်္ကြန်သီချင်းများပင် ဖြစ်သည်။

ကို​ထွေးသက်​ရေးသားသည်။

သင်္ကြန်ရောက်တော့မည်ဟု ဆိုလိုက်သည်နှင့် စိတ်အာရုံထဲတွင် အလိုအလျောက် ပေါ်လာတတ်သည်မှာ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းများ၊ သင်္ကြန်သီချင်းများပင် ဖြစ်သည်။

သင်္ကြန်သီချင်း ၁၈ ပုဒ်ထိပါခဲ့ပြီး ၁၉၈၅ ခု ရုပ်ရှင်ဆုပေးပွဲတွင် ဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်ဆု ၊ ဓာတ်ပုံဆုများလည်း ရရှိခဲ့သည်။

လွန်ခဲ့သော ၄၁ နှစ်ခန့်က ဒါရိုက်တာမောင်တင်ဦး ရိုက်ကူးခဲ့သည့် မန္တလေးသင်္ကြန်နောက်ခံ ရုပ်ရှင်ကားသည် အခုချိန်ထိ ရှင်သန်ဆဲ၊ နုပျိုဆဲ၊ လူကြိုက်များဆဲပင် ဖြစ်သည်။ ရုပ်ရှင်တွင် နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနု၊ သီတာသိမ့်နှင့် သင်္ကြန်မင်းသားကြီး ဇော်ဝမ်းတို့ ပါဝင်ပါ
သည်။

Public Service Announcement

Public Service Announcement

ဇာတ်လမ်းကတော့ အများသိပြီးသားဖြစ်သဖြင့် အကျယ်ရှင်းမပြတော့ပါ။ထိုဇာတ်ကားထဲ၌ စန္ဒရားတီးလျက် အချစ်ကြီးသူ၊ သစ္စာကြီးသူ အရက်သမားကြီး ကိုငြိမ်းမောင်အဖြစ် ပရိသတ်ကို ဖမ်းစားခဲ့သူမှာ မင်းသားနေအောင် ဖြစ်သည်။ နေအောင်နဲ့အတူလူငယ်မျိုးဆက် ကိုသက်ထွေး အဖြစ် မင်းသားဇင်ဝိုင်းကသရုပ်ဆောင်ခဲ့သည်။

သင်္ကြန်မိုးဇာတ်လမ်းထဲတွင် ကိုငြိမ်းမောင်နှင့် သက်ထွေးတို့သည်သားအဖဖြစ်ခဲ့ကြပြီးသူတို့နှစ်ဦး၏သရုပ်ဆောင်ချက်များ၊ ဒိုင်ယာလော့ဒ်များ
သည် လူကြိုက်များခဲ့ရသည်။

သို့သော်လည်း ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်တွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းလိုက်သည့် အချိန်မှစ၍ သင်္ကြန်မိုးဇာတ်လမ်းထဲက ဇာတ်ကောင် ငြိမ်းမောင် နှင့် သက်ထွေး တို့သည် ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်သို့ ရောက်ရှိသွားခဲ့သည်။

ကိုငြိမ်းမောင် တယောက် ပြည်သူ့ရင်ခွင်ကို စုံကန်သွားခဲ့ခြင်းဖြစ်သည်။ဤဖြစ်ရပ်သည် ရုပ်ရှင်ဇာတ်ညွှန်းတခုထက် ပိုမိုနက်ရှိုင်းပါသည်။
ကိုငြိမ်းမောင်သည် ရုပ်ရှင်ထဲတွင် မာနကြီးသော၊ ကိုယ်ကျင့်တရား စောင့်ထိန်းသော အနုပညာရှင်တဦး ဖြစ်ခဲ့သော်လည်း အပြင်လောကတွင်မူ စစ်အာဏာရှင်၏ ဖိနပ်အောက်တွင် ခိုလှုံရင်း ဘောမ ဟူသောဂုဏ်ပုဒ်ကိုဂုဏ်ယူဝံ့ကြွားစွာခံယူခဲ့သည်။

ကျေးညီနောင်ပုံပြင်ထဲက ကျေးငှက်တကောင်မှာ သူခိုးဓားပြတောထဲ ရောက်ပြီး ရိုင်းစိုင်းသွားသလို၊ နေအောင်သည်လည်း ပြည်သူ့အသံကို ကျောခိုင်းလျက် အာဏာရှင်တို့၏ ဝါဒဖြန့် ယန္တရားထဲတွင် ရောက်ရှိသွားခဲ့လေသည်။

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီ၏ ရွေး
ကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးပွဲများတွင် ကြံ့ဖွံ့ပါတီ၏ ဝတ်စုံကို ဝတ်ဆင်ကာ ကြံ့ဖွံ့ပါတီအနိုင်ရဖို့ မဲဆွယ်စည်းရုံးပေးခဲ့သေးသည်။
မဲဆွယ်စည်းရုံးရေး ပွဲတခုတွင် “…..နိုင်ငံရေးအခင်းအကျင်းအရ တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့ကောင် အကုန်သတ်… ရှင်းတယ်နော်…” ဟု တော်လှန်ရေးလုပ်သူများကို သတ်ပစ်ရန်ကိုပင် နေအောင်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ မိုက်ရိုင်းခဲ့သည်။

ကိုငြိမ်းမောင်၏သားဖြစ်သူသက်ထွေးအဖြစ်သ
ရုပ်ဆောင်ခဲ့သည့် မင်းသားဇင်ဝိုင်းသည် စစ်အာ
ဏာရှင်ကို မတရားမှုဟု ရှုမြင်ကာ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်။ မင်းသားဇင်ဝိုင်းသည် သူတင်သာမဟုတ် သူ၏မျိုးဆက် သားတော်မောင် နာမည်ကျော်မင်းသားမင်းမော်
ကွန်းပါ ပြည်သူနဲ့ တသားထဲ ရှိနေခဲ့သည်။

သူတို့သည် နာမည်ကျော်ကြားမှု၊ စည်းစိမ်ဥစ္စာနှင့် ဘေးကင်းလုံခြုံမှုတို့ကို စွန့်လွှတ်ကာ ပြည်သူ့ရင်ခွင်ထဲသို့ ခုန်ဝင်ခဲ့ကြသည်။

ယနေ့ခေတ် သင်္ကြန်မိုးကို ပြန်လည်ကြည့်ရှုသူတိုင်း၏ ရင်ထဲတွင် ခါးသီးသော ခံစားချက်တစ်မျိုး ကိန်းအောင်းနေတတ်သည်။

ဇင်ဝိုင်း နှင့် မင်းမော်ကွန်းတို့သည် အမှန်တရားအတွက် ခါးသီးသော ဒဏ်ချက်များကို ခံယူနေချိန်တွင် နေအောင်ကမူ အာဏာရှင်၏ ပေးစာ
ကမ်းစာများကို စားသုံးလျက် ပြည်သူ့အမုန်းကို ခံယူနေကြသည်။

ကိုငြိမ်းမောင် တဖြစ်လဲ သရုပ်ဆောင်ခဲ့သူ မင်း
သားနေအောင်သည် ယခုအခါ ပြည်သူ့အချစ်
တော် မဟုတ်တော့ဘဲ အာဏာရှင်၏ လက်ပါးစေအဖြစ် သမိုင်းတွင် ကျန်ရစ်တော့မည် ဖြစ်သည်။

သင်္ကြန်မိုးရုပ်ရှင်ကား သည် ဂန္ဓဝင်ရုပ်ရှင်ကြီးကားအဖြစ် ဆက်ရှိနေဦးမည် ဖြစ်သော်လည်း ထိုကားထဲမှကိုငြိမ်းမောင်ဇာတ်ကောင်၏ပုံရိပ်သည်သရုပ်
ဆောင်သူ၏လက်တွေ့လုပ်ရပ်များကြောင့် ညစ်
နွမ်းသွားခဲ့ရပြီ ဖြစ်သည်။

ဇင်ဝိုင်းတို့ သားအဖနှစ်ဦးသည် ပြည်သူ့နှလုံးသားထဲတွင် နေရာယူသွားချိန်တွင် နေအောင်မှာမူ ပြည်သူတွေရဲ့ အမုန်းကို ခံ‌နေရပြီ ဖြစ်သည်။ဤသည်
မှာကျေးညီနောင်ပုံပြင်၏ ဗားရှင်းအသစ်ပင် ဖြစ်တော့သည်။ 

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ အာဏာသိမ်းကာလ အစပိုင်းမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီးတဲ့နောက်ပိုင်း ပြည်သူတွေရဲ့ မြင်ကွင်းက ပျောက်နေခဲ့တဲ့ ဇင်ဝိုင်းက သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း ရေးသားထားတဲ့ စာစုလေးနဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။