close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေ ပိုလုပ်လာမယ်လို့ ဒီးမော့ဆို PDFတာဝန်ရှိသူ သတိပေး

စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုအသုံးပြုလာမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO Local PDF) ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး (၁)ရဲဘော်ဒါမိုးက သတိပေးပြောပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမြင်ကွင်း။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်)

မေ -၆၊၂၀၂၆။ဇော်ဝင်း/People’s Spring

စစ်တပ်က ကောက်ကျစ်တဲ့နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုအသုံးပြုလာမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO Local PDF) ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး (၁)ရဲဘော်ဒါမိုးက သတိပေးပြောပါတယ်။

ဒီကနေ့(မေလ ၆ရက်)မှာ ပြုလုပ်တဲ့ တပ်တည်ထောင်ခြင်း (၅)နှစ်ပြည့်အခမ်းအနားမှာ ရဲဘော်ဒါမိုးက တော်လှန်ရေးအခြေပြမိန့်ခွန်းမှာ အထက်ပါအတိုင်းထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့တွေ့ဆုံညှိနှိုင်းမှုကို မိမိတို့အနေဖြင့် လုံးဝအယုံအကြည်မရှိဘဲ ကောက်ကွေ့ကောက်ကျစ်တဲ့ နည်းလမ်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချီရေးနည်းလမ်းတွေ ပိုမိုအသုံးပြုလာမှာကို တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ သတိထား ပြင်ဆင်ထားဖို့လိုတယ် သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ စစ်တပ်က လူ၊ လက်နက်အင်အားအလွန်အကျွံသုံးပြီး သာလွန်စစ်အင်အားနဲ့ ရန်သူနဲ့ပြည်သူမရွေးပဲ တိုက်ခိုက်တာတွေက ပြည်သူတွေထိခိုက်သေဆုံးရတာ တော်လှန်ရေးသမားတွေကြောင့် ဆိုတဲ့ပုံစံမျိုးတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းအောင်ပြည်သူတွေနဲ့ရန်တိုက်တာတွေ အစရှိသဖြင့်အများကြီးလုပ်တာတွေ့ရတယ်” လို့ DMO Local PDFတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပြည်သူဟန်ဆောင်ပြီး တော်လှန်ရေးအပေါ် မကောင်းသတင်းတွေဖြန့်တာနဲ့ ဝေဖန်ပြစ်တင်တာတွေလည်း အထူးသဖြင့်လူမှုကွန်ယက်တွေမှာ ခပ်စိပ်စိပ်တွေ့လာရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တော်လှန်ရေးရဲ့ အရေးကြီးတဲ့ကာလဖြစ်တာနဲ့အညီ ဘဝတူအဖွဲ့အစည်းတွေ ညီညွတ်ရေးနဲ့အတူတကွ စုပေါင်းခေါင်းဆောင်ရေးကို အတူတကွ လက်တွဲဖော်ဆောင်နိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း DMO Local PDFကအသိပေးပါတယ်။

ဒါ့အပြင် ဆင်းရဲဒုက္ခအပေါင်းကို ခါးစည်းခံနေရတဲ့ပြည်သူလူထုကို စစ်စစ်မှန်မှန်ကာကွယ်သွားမှာဖြစ်ပြီး လူထုအသံနဲ့လူထုဆန္ဒကို အပြည့်အဝနားထောင်ကာလူထုလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

” ပြည်သူအားပေးထောက်ခံမှုနဲ့ရပ်တည်လာတာ ၅နှစ်တောင်ရှိလာပြီ ဆိုတော့ ပြည်သူတွေသာ မထောက်ခံမအားပေးတော့ရင် ကျနော်တို့တပ်ဖွဲ့က ဆက်လက်ရပ်တည်ဖို့မလွယ်ကူနေဘူးပေါ့နော်။တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်လက်အားတင်းပြီး အတူတူချီတက်သွားကြဖို့ပဲတောင်းဆိုချင်ပါတယ်” လို့ DMO Local PDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရှေ့ဆက်မယ့် တော်လှန်ရေးကို စစ်အနိုင်တိုက်ရေး ပြည်သူလူထုကာကွယ်ရေး ၊အဖိနှိပ်ခံလူမျိုးပေါင်းစုံလွတ်မြောက်ရေး၊တော်လှန်ရေးအဖွဲ့အစည်းများညီညွတ်ရေးနဲ့ အာဏာရှင်ဟူသမျှအကုန်အစင် ပပျောက်ရေးစတဲ့ မူဝါဒလေးချက်ကို အကောင်အထည်ဖော်သွားမယ်လို့လည်း DMO Local PDF က အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO Local PDF) သက်တမ်း (၅)နှစ်ပြည့်တဲ့အထိအတူလက်တွဲလာတဲ့ ရဲဘော်ပြည်သူတစ်ဦးချင်းစီကိုလည်း ဒီကနေ့ အခမ်းအနားမှာ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ဖွဲ့စည်းခဲ့တဲ့ အမျိုး သားညီညွှတ်ရေးအစိုးရ (NUG)လက်အောက်ခံဒီးမော့ဆို Local PDF တပ်ရင်းနဲ့ တပ်ခွဲတွေမှာ အင်အားထောင်ဂဏန်းရှိနိုင်တယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်​ကြောင်း​တွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်​ပြေးတိမ်း​ရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အာဆီယံထိပ်သီးညီလာခံ တက်ရောက်ခွင့်ရဖွယ် မရှိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ သထုံခရိုင်၊ ဘီးလင်းမြို့နယ်က ဝင်းတာပန်တပ်စခန်းကို စစ်တပ်က လေယာဉ်နဲ့ အထုပ်တွေ ချပေးခဲ့တယ်လို့ KNUသထုံခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရလို့ အထိနာပြီးရပ်တန့်နေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

Facebook