close
Connect with us

Hi, what are you looking for?

သတင်း

Netflixမှာကြည့်ရမယ့် ဒေါင်းရဲ့ Omukade

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

မေ-၇၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

“ ကျနော်တို့က ကြိုးစားမယ်၊ ခင်ဗျားတို့က အားပေးပေးပါ၊ တခြားနိုင်ငံမှာ သရုပ်ဆောင်လုပ်နိုင်ဖို့ကအားလုံးရဲ့ခွန်အားကအရေးပါပါတယ်။ချစ်ခြင်းများစွာဖြင့် “ လို့ ဒေါင်းကရေးသားထားပါတယ်။

ဒေါင်းရဲ့ဇာတ်ကား Netflixမှာ ပြသတဲ့အပေါ် သူ့ရဲ့ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ‌တွေက ဂုဏ်ယူကြောင်း ရေးသားထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဟန်နီနွေဦးက “ ကိုယ်တွေရဲ့ မင်းသား” လို့ ကပ်ပရှင်ရေးကာ Netflix ကတင်ထားတဲ့ ဒေါင်းရဲ့ ဇာတ်ဝင်ခန်းပုံကို မျှဝေထားပါတယ်။

Omukade ရုပ်ရှင်ကို ထိုင်းနိုင်ငံမှာ ဇန်နဝါရီ လအတွင်းက ရုံတင်ပြသခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလမှာ ပထမဆုံး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်လို့ ဒေါင်းကပြောထားပါတယ်။

ဒီဇာတ်ကားမှာ ထိုင်း ၊ ဂျပန် ၊ အမေရိကန် စတဲ့ နိုင်ငံတွေက သရုပ်ဆောင်တွေလည်း ပါဝင်ပြီး ဒေါင်းက အဓိက သရုပ်ဆောင်တစ်ဦး အနေနဲ့ ပါဝင်ထားတာပါ။

တစ်ကားလုံး ထိုင်းဘာသာစကားနဲ့ ပြောပြီး သရုပ်ဆောင်ခဲ့ရသလို အက်ရှင်ခန်းတွေက အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဒေါင်းက People’s Spring နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဒေါင်းက သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တော်လှန်ရေး လုပ်တာကြောင့် အားပေးတာမျိုးမလုပ်ပဲ အရည်အသွေးအပေါ် မူတည်ပြီး အားပေးဖို့လည်း ပြောထားပါတယ်။

တော်လှန်ရေးမတိုင်ခင်ကာလက Netflix မှာ ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လိင်ဆက်ဆံခဲ့တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တဲ့နောက် ကမ္ဘာလှည့် ခရီးသွားတွေရဲ့ အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး ကိုင်တွယ်တဲ့ စည်းမျဉ်းတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးက ​နေပြည်​တော်ခရီးစဥ်မှာဒေါ်​အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်တပ်ထံ မ​တောင်းဆိုခဲ့

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ ရယူထားတဲ့ ပင်လယ်ကမ်းလွန် သယံဇာတ ရှာဖွေရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ခုကို ထိုင်းအစိုးရက တစ်ဖက်သတ် ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကလေးထိန်း ကျောင်းတစ်ခုကို တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ကိစ္စနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက စစ်ဆေးခဲ့တယ်လို့ အလုပ်သမားရေးရာ ဝန်ကြီးက ပြောပါတယ်။

Facebook