close
Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၆)အနီးက ပွိုင့်၅၀၆ စခန်းကုန်းကို AAနဲ့မဟာမိတ်တွေ ထိုးစစ်ဆင်

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)ရဲ့ကာကင်းစခန်း ၆၆၆ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွကသိမ်းယူပြီးတဲ့နောက် သုံးလခန့်အကြာမှာ နောက်ထပ်ကာကင်းစခန်းတစ်ခုကို ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

(အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ ။ ဓါတ်ပုံ-AA Infodesk)

​မေ-၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)ရဲ့ကာကင်းစခန်း ၆၆၆ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွကသိမ်းယူပြီးတဲ့နောက် သုံးလခန့်အကြာမှာ နောက်ထပ်ကာကင်းစခန်းတစ်ခုကို ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

၆၆၆ ပွိုင့်ကုန်းကို AA နဲ့မဟာမိတ်တပ်​တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ရှေ့ကိုဆက်တိုးပြီး စစ်ရေးဖော်ဆောင်နေတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

” ၅၀၆ စခန်းကုန်းကို ဖိထိုးနေတာ။ အဲ့ဒီနားမှာ ထိတွေ့တိုက်ပွဲက တစ်ပတ်လောက်ရှိနေပြီ။ စစ်တပ်က လေကြောင်းပစ်ကူ အဓိကပေးနေပြီး တိုက်ပွဲက ပြင်းထန်းနေတာပါ” လို့သူကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကပစ(၁၆)အနီးမှာ၆၆၆ပွိုင့်ကုန်း၊၅၀၆ပွိုင့်ကုန်း၊၂‌၆၈ နဲ့ ၃၅၃ ပွိုင့်ကုန်းဆိုပြီးအဓိကကာကင်းစခန်းလေးခုရှိပါတယ်။ AAနဲ့မဟာမိတ်တွက၆၆၆ပွိုင့်ကုန်းကိုဆက်လက်ထိန်းချုပ်ထားပြီးတော့ ၅၀၆ပွိုင့်ကုန်းကို ထပ်မံထိုးစစ်ဆင်နေစဉ်မှာ စစ်တပ်ကလေကြောင်းကနေအပြင်းအထန်ခုခံနေတာဖြစ်ပါတယ်။

ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေဟာ မေလ ၁ရက်နောက်ပိုင်းကနေ နေ့စဉ် မြင်တွေ့နေရတယ်လို့ ပန်းတောင်းမြို့နယ်က​ဒေသခံတွေကပြောပါတယ်။

ပန်းတောင်းမြို့ဟာရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ ၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

ပန်းတောင်းမြို့က ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLA အပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေသလို တိုက်ပွဲတွေက ကပစ(၁၆)အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်းကန်ကွဲရွာ၊ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။

AAဟာ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ မ​ကွေးတိုင်းအစပ် ၊ဧရာဝတီတိုင်းအစပ် ၊ပဲခူးတိုင်းအစပ်နဲ့ ကျန်ဒေသတွေမှာလည်းမဟာမိတ်​တွေနဲ့အတူ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

— ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat သတင်းဌာန ​မေးမြန်းခန်း (အပိုင်း ၁)

သတင်း

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရင်းနှီးသူ၊ မိတ်ရင်းဆွေရင်း မဟာမိတ် တစ်ဦးလို့ လူသိများတဲ့ ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ဆောင်ရွက်ပေးဖို့ အာဏာသိမ်း မြန်မာစစ်တပ်က ငှားရမ်းခဲ့ပါတယ်။