close
Connect with us

Hi, what are you looking for?

သတင်း

TNlA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမှာပြင်းထန်တဲ့​ပေါက်ကွဲမှုဖြစ် ​သေဆုံးဒဏ်ရာရသူများ

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွား​နေစဥ် ။ ​ဓါတ်ပုံ-​ဒေသခံ

​မေ-၃၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

မေလ ၃၁ ရက်၊နေ့လယ် ၁၂ ခွဲခန့်မှာ ပေါက်ကွဲတာဖြစ်ပြီး နမ့်ခမ်းတမြို့လုံးအပြင်တရုတ်နိူင်ငံ၊ ရွှေလီမြို့ဘက်ခြမ်းကပါကျယ်ကျယ်လောင်လောင် ကြားရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။​

ပေါက်ကွဲမှုကြောင့်သေဆုံးသူ သုံးဆယ်ကျော်နဲ့ ထိခိုက်သူ တစ်ရာနီးပါးရှိလာပြီလို့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ကိုးကားပြီး ဒေသခံအချို့ကပြောပါတယ်။ ​သေဆုံးဒဏ်ရာရသူအ​ရေအတွက်​တွေထပ်မံတိုး​နေပြီး နမ့်ခမ်းဆေးရုံမှာ လူနာတွေများနေပြီး သွေးလိုအပ်နေတယ်လို့လည်း အကူအညီတောင်းထားကြပါတယ်။ ​သေဆုံး ဒဏ်ရာရသူအ​ရေအတွက်ကို လူထု​​နွေဦးကသီးခြားအတည်မပြုနိုင်​သေးပါဘူး။​

Public Service Announcement

Public Service Announcement

TNLA ကလည်း​ကောင်တပ်ရွာအနီးပေါက်ကွဲမှုဖြစ်ပွားတာကိုအတည်ပြုပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ အခြားဆက်စပ်အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိသူ​တွေကစုံစမ်းစစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပါတယ် ။

ဒေသခံပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှု မဖြစ်ဖို့နဲ့ လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို မျှဝေခြင်း မပြုကြဘဲတာဝန်ရှိသူတွေရဲ့ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ကြည့်ကြဖို့ အသိပေးထားပါတယ်။ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာရှိတဲ့နမ့်ခမ်းမြို့နဲ့ နမ့်ခမ်းမြိို့နယ်ကို TNLA နဲ့မဟာမိတ်​တွေက ၁၀၂၇ စစ်ဆင်ရေးမှာသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပါတယ်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ ပေါက်ကွဲတဲ့နေရာဟာ တရုတ်လုပ်ငန်းရှင်တွေလာရောက်ရင်းနှီးမြုပ်နှံထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံလို့ ပြောပါတယ်။

နမ့်ခမ်းမြို့ခံတဦးကလည်း “ ယမ်းတွေထားတဲ့နေရာလို့ ကြားတယ်။ ပေါက်ကွဲတာကလေ အရမ်းကြီးတယ်။ အိမ်နားလေးကပ်ပြီး လေယာဉ်ဗုံးကြဲတယ်ထင်တာ။ အဲ့အနားကလူတွေ ထိခိုက်သေဆုံးများတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေကတဆင့် သိရတယ်” လို့ပြောပါတယ်။

ပြင်းထန်တဲ့​ပေါက်ကွဲမှု​ကြောင့် အနီးဝန်းကျင်ကအ​ဆောက်အအုံနဲ့ ​နေအိမ်​များစွာပျက်စီး​နေတာကိုလည်း​ဒေသခံ​တွေကရိုက်ကူးပြီးလူမှုကွန်ယက်မှာတင်ထားတဲ့ရုပ်သံမှတ်တမ်း​တွေမှာ​တွေ့ရပါတယ်။

ဒါအပြင် ဆယ်နဲ့ချီတဲ့ရုပ်အ​လောင်း​တွေကို လူမှုကယ်ဆယ်​ရေးအဖွဲ့​တွေက ထုပ်ပိုး​နေတာကိုလည်းသတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်။

အခုပေါက်ကွဲမှု ဖြစ်တဲ့ ကောင်းတစ်​ကျေးရွာဟာ အိမ်ခြေ ၅၀ ကျော်သာရှိတဲ့ ကျေးရွာလို့ ဒေသခံအချို့က ပြောပါတယ်။

“အရပ်သားပြည်သူလူထုတွေရှိတဲ့နေရာတွေအဲဒီ ပတ်ဝန်းကျင်တွေမှာ လက်နက်သိုလှောင်ရုံတွေ လက်နက်ခဲယမ်းထုတ်လုပ်တဲ့ စက်ရုံတွေမလုပ်တာတော့ အကောင်းဆုံးပါပဲ။” လို့ ဒေသခံ သတင်းရင်းမြစ်တဦးကပြောပါတယ်။

ဒါ့အပြင်အခုပေါက်ကွဲမှုဟာမတော်တဆဖြစ်တာလား ၊ ပြင်ပ ပ​​​ယောဂတစ်ခုခု​ကြောင့်လားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ဒေသခံ သတင်းရင်းမြစ်အချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့၊ယောင်းပန်းရွာကျေးရွာမှာရှိတဲ့တရုတ်နိုင်ငံသားပိုင် ယမ်းချက်စက်ရုံ မီးလောင်ပေါက်ကွဲပြီး လူ ၁၇၀ထက်မနည်းသေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာဟာ PSLF/TNLA တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ(TLEC) ရဲ့ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းအပ်ပါတယ်လို့ TLEC က ဧပြီ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...