သတင်း လေးကေ့ကော်မြို့သစ်တိုက်ပွဲ စစ်တပ်သေဆုံးဒဏ်ရာရသူများ ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayoo38 minutes ago
သတင်း ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးရန် စစ်ကောင်စီ ကြိုးပမ်းနေ ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ludunwayoo1 ပတ် ago
သတင်း ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေထွက်ပြေးနေရ တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။ ludunwayooဩဂုတ် 16, 2025
သတင်း ဆီဆိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီပူးပေါင်းတပ်အား တိုက်ခိုက်နေဟု အမှတ်(၁၀၀၅)တပ်ရင်းပြော ရှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်အတွင်း အင်အား ၁,၀၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ် ပူးပေါင်းတပ်စစ်ကြောင်းအား တိုက်ခိုက်နေကြောင်း အမှတ်(၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် တာဝန်ရှိသူက ပြောသည်။ ludunwayooဩဂုတ် 16, 2025
သတင်း မြင်းခြံအရှေ့ခြမ်းရွာတွေစစ်ကြောင်းထိုးခံရပြီးထောင်ချီတဲ့ဒေသခံတွေ စစ်ရှောင်နေရ မန္တလေးတိုင်း ၊ မြင်းခြံမြို့ရဲ့အရှေ့ခြမ်းကကျေးရွာတွေဆီ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ ၁၅ရွာခန့်က ပြည်သူ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ludunwayooဩဂုတ် 12, 2025
သတင်း မြင်းခြံအရှေ့ခြမ်းကို စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပွား မန္တလေးတိုင်း၊မြင်းခြံမြို့အရှေ့ဘက်ကနတ်ထားကျေးရွာဆီ စစ်ကောင်စီတပ်နဲ့ပျုစောထီးပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့် သြဂုတ်လ ၁ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။ ludunwayooဩဂုတ် 3, 2025
သတင်း အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon(GBK PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ludunwayooဇူလိုင် 23, 2025
သတင်း မင်းလှမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူရှစ်ဦးထက်မနည်းဖမ်းဆီးထား၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူနေ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒေသခံပြည်သူရှစ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် နေအိမ်တွေဖောက် ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေပါ ခိုးယူနေတယ်လို့ ဒေသခံပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက People's Springကို ပြောပါတယ်။ ludunwayooဇူလိုင် 21, 2025
သတင်း ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက် မကွေးတိုင်း၊ ပခုက္ကူမြို့လေယာဉ်ကွင်းအနောက်ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခလရ(၂၅၄)တပ်ရင်းက အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးတယ်လို့ Southern Ye sagyo PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။ ludunwayooဇူလိုင် 17, 2025
သတင်း မင်းကွန်းဒေသ မြောက်ဘက်ကို စစ်ကြောင်းထိုးနေလို့ တိုက်ပွဲဖြစ်နေ စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းမြောက်ဘက်ခြမ်းရှိ ချောင်းမကြီးကျေးရွာဘက်ဆီ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသတော်လှန်ရေးအဖွဲ့တွေထံကနေသိရပါတယ်။ ludunwayooဇူလိုင် 12, 2025