close
Connect with us

Hi, what are you looking for?

ဆောင်းပါး

တရုတ်လျှပ်စစ်ကားသင်္ချိုင်းမြန်မာဖြစ်လာမလား

စစ်အုပ်စုလက်ထက်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်၏ လျှပ်စစ်ကားသင်္ချိုင်းဖြစ်လာနိုင်​ခြေများလာ​ကြောင်း ကား​ဈေးကွက်​လေ့လာ​စောင့်ကြည့်​နေသူတဦးက​ပြောကြားသည်။

ရဲ​ခေါင်/People’s Spring

စစ်အုပ်စုလက်ထက်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်၏ လျှပ်စစ်ကားသင်္ချိုင်းဖြစ်လာနိုင်​ခြေများလာ​ကြောင်း ကား​ဈေးကွက်​လေ့လာ​စောင့်ကြည့်​နေသူတဦးက​ပြောကြားသည်။

၂၀၂၄ခုနှစ်ကကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်မော်တော်ယာဥ်(EV) စျေးကွက်၏ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကထုတ်လုပ်ခဲ့သည်။ အစီးရေ ၁၂ ဒသမ ၄ သန်းကို အလွန်အကျွံထုတ်ပြီး စျေးပေါပေါဖြင့် ကမ္ဘာ့ EV စျေးကွက်ကိုစိုးမိုးရန် တရုတ်ကုမ္ပဏီများက ရည်ရွယ်ခဲ့သည်။

သို့သော်လည်း အမေရိကန်အပါအဝင် အနောက် နိုင်ငံများက တိုးမြှင့်လိုက်သည့် အခွန်စည်းကြပ်မှု ကြောင့်တရုတ်EVကားစျေးကွက်သည်က သောင်းကနင်းဖြစ်လာပြီး ဒေဝါလီခံရသည့်ကုမ္ပဏီ များပါရှိလာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအခြေအနေကြောင့်တရုတ်အစိုးရကနိုင်ငံတွင်း ကားထုတ်လုပ်မှု အထူးသဖြင့် EV မော်တော်ယာဥ်များကို ထုတ်လုပ်မှုကို ထိန်းချုပ်ရန်အပါ အဝင် ၂၀၂၀ နောက် ပိုင်း ထုတ်လုပ်ခဲ့သော EV ယာဥ်များကို ပြည်ပသို့ ရောင်းချနိုင်ရေး မူဝါဒ တစ်ခုအဖြစ် ပြီးခဲ့သည့်သြဂုတ်လက စတင်ခဲ့သည်။

တိုက်ဆိုင်မှုလား သို့မဟုတ် ကြိုတင်ရည်ရွယ်ထားသည်လား​တော့ မသိ သြဂုတ် ၃၁ ရက်ကအာဏာသိမ်းခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဥ်တွင်မြန်မာနိုင်ငံ၌လျှပ်စစ်ကားတပ်ဆင်ထုတ်လုပ်မှုတိုးချဲ့လိုကြောင်းတရုတ်လုပ်ငန်းရှင်များက ကမ်းလှမ်းခဲ့သည်။

“ တရုတ်စျေးကွက်မှာ EV ကားစျေးတွေဟာ အမှန် အကန် မဖြစ်နိုင်တဲ့သူခိုးစျေးနဲ့ ချရောင်းပေးနေရပါပြီ။ တရုတ်ကားတွေဟာ သေချာပေါက်မြန်မာပြည်စျေးကွက်ထဲ ထိုးထည့်လာမှာ ဧကန်မုချပါပဲ” ဟု ကားစျေးကွ​က် စောင့်ကြည်သူတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်ဝန်းကျင်မှစတင်ခဲ့သော တရုတ်နိုင်ငံ EV မော်တော်ယာဥ်စျေးကွက်တွင် ရှိခဲ့သည့် ကုမ္ပဏီ ၅၀၀ အနက် ၂၀၂၅ ခုနှစ် တွင် ကုမ္ပဏီ ၁၀၀ ကျန်ရှိ​တော့ကာ၂၀၃၀ ခုနှစ်၌အမှန်တကယ်ရှင်သန်နိုင်မည့် ကုမ္ပ ဏီ ရှစ်ခုသာ ရှိလိမ့်မည်ဟု တရုတ်စီးပွားရေးကျွမ်းကျင်သူအချို့၏ ပြောဆိုချက်ကို China News က မေလတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံထုတ် EV များသည် အရည်အသွေး လျှော့ချထားခြင်းနှင့်ရောင်းစျေးနိမ့်ကာ ဈေးကွက်ပိုင်ဆိုင်မှုရရန် ကြိုးပမ်းခြင်းအကျိုးဆက်မှာယုံကြည်မှု ပျောက်ဆုံးခြင်းသို့မဟုတ်စျေးကွက် ပျက်လာခြင်းဟု အသိပေးသည်။

မော်တော်ယာဥ်အကြောင်း လေ့လာနေသူတစ်ဦးက “ တရုတ်ပြည်တွင်းမှာ သူတို့ပေါ်လစီနဲ့မကိုက်တော့လို့ လမ်းပေါ်တက်ခွင့်မရတဲ့ EV ကားတွေကို modified လုပ်ပြီး engine ထည့် export only စနစ်ကို တရုတ်အစိုးရကခွင့်ပြုလိုက်တယ်။ ဒါမှ ကားကုမ္ပဏီတွေ အရှုံးသက်သာ(သို့)အမြတ်ငွေပြန်ပေါ်နိုင်မယ့်သဘော” ဟု သုံးသပ်သည်။

စစ်ခေါင်းဆောင်ကအာဏာသိမ်းပြီး​ နောက်ပိုင်းကစ၍ လောင်စာဆီသုံးစွဲမှုလျှော့ချရေး ရည် ရွယ်ချက်နှင့် အနာဂတ်တွင် EV မော်တော်ယာဥ်များသာ အဓိကထားသုံးစွဲရန် စီမံချက်ချထားခဲ့သည်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏သားနှင့် သမီးက EV ကားတင်သွင်းခွင့် ကုမ္ပဏီ တည်ထောင်ခဲ့ပြီး EV မော်တော်ယာဥ် နှစ်ထောင် နီးပါး ပြည်တွင်း၌ တင်သွင်းထား ကြောင်း မော်တော်ယာဥ်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကအသိပေးသည်။ထိုအပြင် အာဏာသိမ်းစစ်တပ်လက်​အောက်တွင် လျှပ်စစ်မီး မှန်​အောင်မ​ပေးနိုင်ဘဲ လျှပ်စစ်ကားများ ဇွတ်သွင်းခိုင်း​နေခြင်းဖြစ်သည်။ EV ကားအားသွင်း​သောစင်တာများကိုလည်း စစ်တပ်နှင့် နီးစက်​သောလုပ်ငန်းရှင်များကလုပ်ကိုင်ပြီး ၎င်းတိုွအတွက် စီးပွား​ရေးအခွင့်အလမ်းပွင့်သွားခြင်းဖြစ်သည်။

“ EV မကောင်းဘူးပြောတာမဟုတ်ဘူး။တကယ့် စနစ်တကျနဲ့ ထုတ်ထားတယ်။အာမခံချက်တွေ အတိုင်း ပေးမယ် ဆိုလက်ခံတယ်။ဒါပေမယ့် ပြည်တွင်းက EV တွေဆို Spare Part တစ်ခု ပျက်တယ်ဆို အနည်း ဆုံးသုံးလလောက်စောင့်နေရတာမျိုးရှိနေတယ်” ဟု မော်တော်ယာဥ် ပြုပြင်ရေးဝန်ဆောင်မှုလုပ်နေသူက ပြောသည်။

ပြည်တွင်း​ဈေးကွက်တွင် တရုတ်နိုင်ငံထုတ်MG၊BYD ၊Dayun ၊ Leapmptor ၊ Livan ၊ DONGFENG ၊ NETA ၊ JMEV ၊ RIDDARA ၊ FORTHING ၊ CHERY ၊ IM LS6 ၊ MAXUS ၊Geely၊Hongqi ၊BAW EVH ၊AIQAR ၊Bestune၊Wuliing ၊Beijing၊Voyah၊Geometry E ၊GAC စ​သောလျှပ်စစ်ကားများကို တင်သွင်း​ရောင်းချနေသည်။

ဂျပန်၊ဥရောပ အမှတ်တံဆိပ်များထဲမှ တရုတ်နိုင်ငံတွင်တပ်ဆင်ထုတ်လုပ်​သော GAC Toyota ၊Volkswagen ID4၊NISSAN ARIYA နှင့် Honda EV ယာဥ်အချို့လည်းမြန်မာနိုင်ငံစျေးကွက်သို့ရောက်ရှိနေသည်။

လက်ရှိ EV စျေးကွက်တွင် စစ်ခေါင်းဆောင်၏ သားနှင့် သမီးများကိုယ်စားလှယ်ယူထားသည့် BYD၊ MG အမှတ်တံဆိပ်ကားကို အများဆုံး တင်သွင်းခွင့်ရထားကြောင်း မော်တော်ယာဥ်အရောင်းစင်တာ ပိုင်ရှင်တစ်ဦးက ​ပြောသည်။

“ BYD EV ဆို မော်ဒယ်အလိုက် တင်သွင်းထားတာ သုံးမျိုးရှိပြီ။ရန်ကုန်မှာတင် အစီးရေ တစ်ထောင် လောက်ရှိနိုင်တယ်။ဒီလိုပဲ MG ဆိုလည်း လေးငါးရာ ဝန်းကျင်ရှိတယ်။တခြားမကြည့်နဲ့ EV တက္ကစီတွေ ဆို အဲဒီတံဆိပ်တွေပဲ” ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ EV ကားတင်သွင်းနိုင်ရန် လျှောက်ထားသည့် ကိုယ်စားလှယ်ကုမ္ပဏီ ၈၀ ခန့်ရှိကြောင်း သိရသည်။

ယခုအခါ တရုတ် EV ကားကုမ္ပဏီ သုံးခုထက်မနည်း ဒေဝါလီခံထားရပြီးအကျိုးဆက်အနေဖြင့် တင်သွင်းရောင်း ချခဲ့သည့် နိုင်ငံများတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အပိုပစ္စည်းပြတ်လပ်ခြင်း အာမခံမရတော့သည့်အတွက် NETA တရုတ် EV ကားကုမ္ပဏီကို အရေးယူပေးရန်တိုင်ကြားမှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း EV ကားအတွက် သုံးစွဲသူအခွင့်အလမ်း မူဝါဒနှင့်ပတ်သက်၍ မရှိ​ဘဲ စီးပွား/ကူးသန်း၏ စားသုံးသူရေးရာဦးစီးဌာနကိုသာ တိုင် ကြားရန်သာရှိပြီး အလုပ်မဖြစ်ကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့သူကဆိုသည်။

“ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ဂျပန်တစ် ပတ်ရစ်တွေ သိန်းထောင်ကျော်နေလို့ စျေးသက်သာပြီ အသစ်စျေးက ၁,၀၀၀ နီးပါး ဆိုလို့ဝယ်လိုက်တာ။ပထမ သုံးလလောက်က ဘာမှ မဖြစ်ဘူး။နောက် ပိုင်း ဘက်ထရီ error တစ်ခုဖြစ်တော့ ဝယ်ခဲ့တဲ့ အရောင်းစင်တာမှာပဲသွားပြတော့ ဟိုနေပြင်ရမယ်။ဒီနေ့ပြင်လို့ရမယ်နဲ့ နောက်မှ ပစ္စည်းပျက်နေလို့ပါ ဆိုပြီလုပ်တယ်” ဟု ၎င်းကြုံတွေ့ခဲ့ရသည်ကို ပြောသည်။

ရန်ကုန် နှင့် နေပြည်တော်တွင်လည်း EV ကားလေးစီးထက်မနည်း အားသွင်းရင်း မီးလောင်းမှုများ ဖြစ်ပွားခဲ့ဖူးပြီး လျှပ်စစ်မီး ဖူလုံမှုမရှိ၍ မီးစက်အ သုံးပြုကာ EV ကားကို အားသွင်းရသည့် အခြေ အနေမျိုးများပါ ရှိနေသည်။

စီးပွား/ကူးသန်း စာရင်းမျအရ ၂၀၂၄ ခုနှစ်ကုန်အထိ မြန်မာနိုင်ငံကို EV ယာဥ် အစီးရေ ၆,၄၀၀ ကျော်တင်သွင်းခဲ့ပြီး အများစုသည် တရုတ်ထုတ် EVကားများပင်ဖြစ်သည်။

အထက်ပါအတိုင်း ပြည်တွင်း၌ စစ်အုပ်စုနှင့် နီးစပ်သူများအတွက်ဝင်​ငွေ​ဖြောင့်ရန်သာကြည့်ပြီး ၊လျှပ်စစ်ကားနှင့်ပတ်သက်၍ ခိုင်မာ​သောမူဝါဒမရှိ​သောအ​ခြေအ​နေတွင် တရုတ်နိုင်ငံမှ ​ရောင်းမစွန်​တော့သည့် လျှပ်စစ်ကားများလာပုံရန် အ​ခြေအ​နေမြင့်မား​နေ​ကြောင်း​ဈေးကွက်​လေ့လာသူအချို့က​ပြောသည်။

“ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအရ မြန်မာ နိုင်ငံက တရုတ် EVကားသင်္ချိုင်းဖြစ်မှာ မြင်ယောင်တယ်” ဟု ကားစျေးကွက် စောင့်ကြည်သူတစ်ဦးကိုညီကသူ၏အမြင်ကို​ပြောလိုက်သည်။ ။

ဆက်စပ်သတင်းများ

သတင်း

တရုတ်မှာကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ဟာ အခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံတွေ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေက ဖြန့်ဝေနေကြပါတယ်။

သတင်း

ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံ၏စစ်ရေးအထောက်အပံ့ပေးမှု နှင့် မျက်နှာပြောင်တိုက်ကြားဝင်စွက်ဖက်နေမှုသည်လွဲမှားစွာလောင်းကြေးထပ်ခြင်းဖြစ်ပြီး စစ်အုပ်စုကျဆုံးသည့်အခါတွင် မြန်မာပြည်သူများသည် တရုတ်နိုင်ငံ၏ လုပ်ရပ်များအပေါ် အမှတ်ရနေလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က သတင်းထုတ်ပြန်သည်။

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

သတင်း

တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ပြုလုပ်သည့် စစ်ကောင်စီနှင့်ဆွေးနွေးပွဲမှာ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။