Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမျိုးသမီးတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ မြင့်တက်နေတဲ့အပေါ် ကင်ညာက မြို့ကြီးတွေမှာ ချီတက် ဆန္ဒပြ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ မြင့်တက်နေတဲ့အပေါ် ကင်ညာက မြို့ကြီးတွေမှာ ချီတက် ဆန္ဒပြ
အမျိုးသမီးတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ မြင့်တက်နေတဲ့အပေါ် ကင်ညာက မြို့ကြီးတွေမှာ ချီတက် ဆန္ဒပြ

အမျိုးသမီးတွေအပေါ် အသက်သေဆုံးစေတဲ့ထိ အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် ကင်ညာနိုင်ငံက မြို့ကြီးတွေမှာ လူစုလူဝေးနဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၈ ရက်တုန်းက နိုင်ရိုဘီ၊ နာကူရူ၊ မွမ်ဘာဆာ၊ ညီရီနဲ့ လော့ဒ်ဝါတို့လို နိုင်ငံရဲ့ အကြီးဆုံး မြို့တွေမှာ လူတွေ ရာထောင်ချီ စုဝေး ချီတက်ခဲ့ကြပြီး တချို့က အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ မှုခင်းတွေမှာ အသက်ပေးလိုက်ရတဲ့ သားကောင်တွေရဲ့ နာမည်ပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်လာတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။ အဲဒီဖြစ်စဉ်တွေထဲမှာ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား နှိမ့်ချဆက်ဆံရင်း အသက်သေဆုံးတဲ့ထိ ပြင်းထန်သွားတဲ့ ကိစ္စမျိုးတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီလို ဓလေ့ဆိုး၊ အယူအဆဆိုးတွေ လူ့အဖွဲ့အစည်းထဲမှာ စွဲကပ်နေတာဟာ မှားယွင်းလွန်းကြောင်း၊ အာဏာပိုင်တွေ အနေနဲ့ တစ်ခုခုကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ပြီဖြစ်ကြောင်း ဆန္ဒပြသူတွေက သတင်းထောက်တွေကို ပြောပါတယ်။

ကင်ညာနိုင်ငံမှာ အမျိုးသားတွေက သူတို့ စိတ်မွန်းကျပ်တာမျိုး၊ ရှုံးမဲမဲတာမျိုးတွေကို အမျိုးသမီးတွေအပေါ် ပုံချတဲ့ ကိစ္စက အရိုးစွဲနေပြီး တကယ်တမ်းမှာ ဘယ်သူမဆို ကိုယ့်တာဝန်ကိုယ် ယူကြဖို့ လိုအပ်ကြောင်း မိုက်ကယ် အွန်ယန်ဂိုဆိုတဲ့ ဆန္ဒပြသူ အမျိုးသား တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။ မိသားစုတိုင်းဟာ ကိုယ့်သားတွေကို အမျိုးသမီးတွေအပေါ် အကြမ်းမဖက်အောင် သွန်သင်ဆုံးမပေးဖို့ လိုနေပြီလို့လည်း သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကင်ညာမှာ အမျိုးသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ မကြားဝံ့ မနာသာ ကိစ္စတွေ ဆက်တိုက် ကြုံခဲ့ရပြီး ရီတာ ဝေနီဆိုတဲ့ အမျိုးသမီး တစ်ဦးဆိုရင် Airbnbကနေ ငှားရမ်းထားတဲ့ တိုက်ခန်း တစ်ခုထဲမှာ အစိတ်အစိတ် ခုတ်ပိုင်းပြီး အိတ်ထဲ ထည့်ထားတဲ့ အလောင်းအနေနဲ့သာ ပြန်တွေ့ခဲ့ရပါတယ်။

ကင်ညာဟာ အမျိုးသမီးတွေ၊ မိန်းကလေးတွေအပေါ် သူတို့ရဲ့ လိင်ဖြစ်တည်မှုကို အကြောင်းပြုပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု (Femicide) ဖြစ်စဉ်တွေ အများဆုံး စာရင်းဝင် နိုင်ငံ တစ်ခုပါ။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ စာရင်းတွေအရ ကင်ညာမှာ ၂၀၁၆ ကနေ ၂၀၂၃ ခုနှစ်အတွင်း Femicid ပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Ref: BBC