Hi, what are you looking for?
နိုင်ငံတဝန်း ဒေသအသီးသီး၌ စစ်ရှုံးနေသကဲ့သို့ ပြည်သူလူထုနေထိုင်ရာနေရာများကိုဗုံးပတ်ကြဲ သည့် စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း ဖိတ်ခေါ်သည့်ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါဖိတ်ခေါ်မှုကို အယုံအကြည်မရှိ၊ စိတ်မဝင်စားကြောင်း တော်လှန်ရေးအဖွဲ့များကတုံ့ပြန်သည်။
စစ်ကောင်စီတပ်များကိုတိုက်ခိုက်ချေမှုန်းပြီးမြို့များကို အပြီးသတ် ထိန်းချုပ်ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို လိုအပ်သလို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ် တောင်ကြီးခရီးစဉ်၌ ပြောဆိုခဲ့သည်။