နိုဝင်ဘာ-၂၇၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၂၇) မှာ ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း တပ်ပေါင်းစုသပိတ်နဲ့ ဒေသတွင်းသပိတ်အင်အားစုတွေ ပူးပေါင်းကာ “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” ၊ “ ထွက်ပေါက်မဟုတ်ဘူး(ထောင်ချောက်)” ၊ “ အတုအယောင်ရွေးကောက်ပွဲကိုလူထုအားနဲ့တိုက်ဖျက်ကြ” ၊ အတုအယောင်ရွေးကောက်ပွဲ(အလိုမရှိ) ၊ “ သပိတ်စုံသူပုန်ထ” စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲအား ဆန့်ကျင်တော်လှန်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း MOWYCA တာဝန်ခံနဲ့ ခရိုင်အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင် MOWYCA တာဝန်ခံတွေ ပူးပေါင်းပြီး ကြားကာလပညာရေးကျောင်းမှ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ရပ်ရွာရှိပြည်သူတွေကို အမျိုးသမီးနဲ့ မိန်းကလေးငယ်များ အကြမ်းဖက်ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB


















































