Hi, what are you looking for?
နွေဦးတော်လှန်ရေးအဓိကလမ်းစဉ်ဖြစ်သောစစ်အာဏာရှင်စနစ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးအတွက် အဆုံးထိရောက်ရှိအောင် လက်တွေ့လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပြီး ခေတ်အဆက်ဆက် အာဇာနည်များ၏ ပေးဆပ်မှုများ အလဟသ မဖြစ်အောင် ကြိုးစားရန် တိုက်တွန်းလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်များ ပိုမိုချစ်ကြည်စည်လုံးပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် မဟာဗျူဟာမြောက် တိုက်ပွဲဝင်ပါက အဆုံးသတ်အောင်ပွဲသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။