Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း လက်တလောစာရင်းအရ ကျောင်းသားကလေးငယ် ၁၄ဦး၏ ရုပ်အလောင်းနှင့် ဆရာမတစ်ဦး၏ ရုပ်အလောင်း စုစုပေါင်း ၁၅ဦး၏ ရုပ်အလောင်းရှာဖွေတွေ့ရှိထားကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အဖြူရောင် DPY)မှ တာဝန်ရှိသူက ပြောသည်။
ဧပြီ ၂၃၊၂၀၂၅။ရှိန်း၊ဇော်ရမ်း/People’s Spring စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊တောင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့(ဧပြီ ၂၃ရက်) မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ ၅ ဦး သေဆုံးပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဧပြီလကုန်အထိ အပစ်ရပ်တယ်လို့ကြေညာပြီးနောက်နေ့မှာပဲဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းက လက်လှုပ်တောင်ကျေးရွာကို ဒီနေ့...