Hi, what are you looking for?
ချမ်းငြိမ်း သူ့မှာ ပုရစ်တကောင်လိုညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ်စိတ်ဝိညာဉ် တလှပ်လှပ်နဲ့အိမ်အပြန်ခက်နေတဲ့ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့်စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့်လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ …ဘီလူးသမိုင်းကိုအပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့သက္ကရာဇ်...
◼️သွင်ဦး တဝေါဝေါ ဖြတ်မောင်းသွားတဲ့ကားသံတွေရဲ့ နေရာမှာလော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံတန်းစီခရာမှုတ်သံမဂ်လာပါဆိုတဲ့ အသံတွေနဲ့နံနက်ခင်းဟာ နိုးထခဲ့၊ အရောင်ဆိုးထားတဲ့ ထမင်းလှော်အရည်များများ အဖက်နဲနဲခပ်ကျဲကျဲဆန်ပြုတ်ဟာငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊ ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့ပဲဟင်းတလှည့် တာလပေါတလှည့်ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊ ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့ကျုပ်တို့ရဲ့ညစာမှာရေထဲကငါးကိုတစ်ပါတ်တစ်ကြိမ် မြင်ခွင့်ရနေတာကိုပေါ့၊ ဒီနေရာမှာတော့‘ကိုယ်’ ကျန်းမာရေးအတွက် လမ်းလျှောက်‘စိတ်’...
◼️မောင်သုည (ရှပ်ပုံသားလေး) စိတ်လိုလက်ရ ထွက်ပေါက်မှန်သမျှလူငယ်ပီပီ လေလွင့်ခဲ့တယ်။ မိသားစုဆိုတာသူတို့အတွက် ဒူးနဲ့မျက်ရည်။ နိုင်ငံအရေးဆိုတာဖြူသလား ၊ မည်းသလား သူ့တို့မသိဘူး၊နိုင်ငံ့တာဝန်ထမ်းဖို့ဆိုတာ ဝေးသေး။ ဒီတိုင်းပြည် ဒီလူမျိုးကို မိမိချစ်တတ်ဖို့မပြောနဲ့ဘဝနဲ့ရင်းပြီးသေမင်းနဲ့စစ်ခင်းမွေးခဲ့တဲ့အမေကိုတောင်ကျေးဇူးတုံ့ပြန့် ချစ်ရမှန်းမသိတဲ့အကောင်တွေ။ အဲသလောက်ထိ လုလင်လေးတွေဟာဆိုးခဲ့ မိုက်ခဲ့ ရူးခဲ့ကြတယ်။ ဒါပေမယ့် သွေးဖောက်ပြီးကျိန်ရဲသတဲ့ဘယ်သူအပေါ်မှာမှ သူတို့မယုတ်မာခဲ့ဘူးတဲ့။ ”အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့စကားကိုကြားတော့ညဥ့်သန်ခေါင်ယံမှာ...
◼️လွန်းညီ(၀.၁)ပြာပုံမှ ပြာပုံသို့ ဆိုတဲ့ဆိုင်းဘုတ်တွေ့လျှင်ရှေ့တည့်တည့် ချိုးလိုက်ပါ(၀.၂)ဗုံးခွက်ရာ(မိုင်းဆွဲတိုက်ခိုက်ထားသောကြောင့်ပေါက်ကွဲထားသောချိုင့်ခွက်များ)ထဲနှစ်ဆယ့်နှစ်ဘီးကားတစီး နစ်မြုပ်သည်အထိနစ်ဝင်ကျွံကျပုံကို မြင်ရပြီ(၀.၃)ဖုန်မှုန့်တလိမ်းလိမ်းနဲ့ လမ်းမများတွင်လည်းအရောင်မသိသောသဲများလူးလွန့်လှုပ်ရှားလျက်ရှိပါသည်(၀.၄)ဆောင်းဦးပေါက်လို့မြစ်မကောခင်စစ်နှင့်ငြိမ်းချမ်းရေးတအုပ် ပြီးအောင်ဖတ်ရမည်လို့ သူမမြင်(၀.၅)ပင်ချင်းယှက်တွယ်နေသောထန်းပင်များအား ဦးခိုက်ရန်တွေ့သူမှာအေးခဲနေတဲ့စည်ဘီယာစုပ်နေသူတဦး(၀.၆)နေရောင်နှင့်နမ်းလုနီးနီးလမ်းသွယ်တလျှောက်က နေကြာပန်းများမှာတပွင့်တည်းမဟုတ်သောလှပခြင်းနှင့်ခိုက်ခိုက်တုန်ခါနေပုံကို ကိုယ်တွေ့ခဲ့ပေါ့(၀.၇)ညီမလေးရေအရာရာဟာ သုသာန်တစပြင် ဆိုပေမဲ့လာခဲ့တုန်းကအတ္တတွေနဲ့အတူတူမင်းမပါဘဲ အိမ်မပြန်ရဲဘူးဒီလိုနဲ့ကိုကိုဟာ အလံနှစ်လက်ကိုကျောမှာလွယ်လို့လမ်းလျှောက်ရင်း လွမ်းခဲ့တယ်။ (ကဗျာခေါင်းစဉ်*ဆရာဇော်ဇော်အောင်မြန်မာပြန်သည့်ဆရာKakuan၏ကဗျာစာသား။) (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွန်းညီ” ရဲ့...