

ကဗျာ
◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာတော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်းပြောပြမိမှာပါလေ ။...