Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေး ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာသို့ NUG တောင်းဆို

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြားတွင် ကျူးလွန်နေသည်ဟု NUG က ဖော်ပြသည်။

စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေး ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာသို့ NUG တောင်းဆို
စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေး ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာသို့ NUG တောင်းဆို

စစ်အုပ်စု၏ စစ်လေယာဥ်ဆီများဝယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှုရှိသော အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တောင်းဆိုလိုက်သည်။

အဆိုပါအရေးယူမှုသည် မြန်မာပြည်သူလူထု၏ ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး စစ်အုပ်စု၏ လေယာဥ်ဆီများ ဝယ်ယူရရှိနေမှုကို ထိထိရောက်ရောက်တားဆီး ပိတ်ပင်မှုများ ပြုလုပ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့များက မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် မဖြစ်မနေ ဆောင်ရွက်ပေးသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တိုက်တွန်းသည်။

“အကြမ်းဖက်စစ်အုပ်စု ၏ ပြည်သူလူထုအပေါ် သွေးချောင်းစီးသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နိုင်နေစေသည့် အရင်း အမြစ်များအား မဖြစ်မနေ ဖြတ်တောက် အရေးယူရမည် ဖြစ်ပါသည်”ဟု NUG နိုင်ငံခြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့အပြားတွင် ကျူးလွန်နေသည်ဟု NUG က ဖော်ပြသည်။

စစ်လေယာဥ်မှူးများနှင့် ၎င်းတို့ကို ညွှန်ကြားစေခိုင်းသည့်စစ်အရာရှိများသည်စာသင်ကျောင်းများနှင့် ဆေးရုံများကို ဦးတည်ချက်ထား ရမ်းကားပြီး ကြောင်းကျိုးဆီလျော်မှုမရှိသည့်တိုက်ခိုက်မှုများကိုကျူးလွန်နေခြင်းသည် သိသာထင်ရှားသောစစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေသည့် ရာဇဝတ်မှုများဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

ယခုနှစ်ဆန်းတွင်ပင် ထင်ရှားသော စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများမှာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းတို့၌ ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုကို ဆေးကုသမှုပေးနေသည့် ဆေးရုံပါမချန် လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

You May Also Like

သတင်း

တပ်ဖွဲ့၏ စစ်ရေးတိုက်ခိုက်မှု (၁၇)ကြိမ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ ၂၄ဦးနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်ဟုဆိုသူလေးဦးကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။

သတင်း

ပေးအပ်ခဲ့သည့် လက်နက်အရေအတွက်ကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။ ယခင် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကော်ဘရာစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ပြီး လက်နက် ၅၀ ပေးအပ်ခဲ့ဖူးသည်။

သတင်း

NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့ ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လုပ် ဆောင်မည့်အကြောင်းအရာများကို အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

နိုင်ငံအတွင်း ပြည်သူလူထုများ၏ နေ့စဉ် လူမှုစီးပွားဘ၀ ကွာဟချက်များ ကြီးမားလာသည်ကို တွေ့ရပြီး လက်နက်ကိုင် အကျပ်အတည်းများကြား၌ ပျက်စီး ယိုယွင်းသွားသည့် ပြည်သူ့ဘ၀ များစွာ ရှိသည်ဟု ၎င်းက ဆိုသည်။