Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်

သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSOအဖွဲ့ဝင်များ၊ဓာတ်ပုံ-KSO
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSOအဖွဲ့ဝင်များ၊ဓာတ်ပုံ-KSO

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ထိခိုက်သေဆုံးမှုရှိကြောင်း Khin U Special Force Organization-KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဇန်နဝါရီ၂၃ ရက်)နံနက် ၇ နာရီခွဲခန့်က ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ရေဦးမြို့နှင့်(၂)မိုင်ခန့်သာ ကွာဝေးသော အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချထားသော စစ်ကောင်စီတ​ပ်သား ၁၅ ဦးခန့်သည် အင်းပတ်ကွေ့တောင်ဘက် ကြက်ခြံသို့ ခြေလျင်တက်လာခဲ့သည်။

သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ပေလမ်းပေါ်မှာလည်း သွေးကွက်တွေ တွေ့ခဲ့ရတယ်။ ရေဦးဘက်မှာလည်း အင်အား နှစ်ရာခန့်နဲ့ စစ်ကြောင်းထိုးနေတယ်။ ခင်ဦးဘက်ကို အာရုံလွှဲတဲ့ပုံစံမျိူးအနေအထားနဲ့ ထွက်လာတဲ့ပုံစံမျိုးလို့ ထင်ရတာပေါ့။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးသူများအား ကားဖြင့်တင်ဆောင်ကာ ရေဦးမြို့ဘက်သို့ သယ်ဆောင်သွားသည် ဟု သိရသည်။

ခင်ဦးနယ်နှင့်ကပ်နေသော ရေဦးမြို့နယ်တွင်လည်း နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကျေးရွာ သုံးရွာ မီးရှို့ဖျက်ဆီးခံထားရသည်။ ပြည်သူနှစ်ဦးသတ်ဖြတ်ခံထားရကာ ကျေးရွာ၁၅ ရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးနေရသည်။

You May Also Like

သတင်း

စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။