Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝန်းသိုတွင် အရပ်သား​ယောင်​ဆောင်၍ဓါးပြတိုက်​နေ​သောစစ်သားနှစ်ဦးကို ​တော်လှန်​ရေးတပ်သားများဖမ်းဆီး

ဝန်းသိုမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ( ၁၁၁ )နှင့် ခြေမြန်တပ်ရင်း-ခမရ (၁၂၀) မှ တပ်သားနှစ်ဦးသည် ဇူလိုင်လ ၁၄ရက်က ကသာမြို့အဝင်ဂိတ်အနီးတွင်လူငယ်တစ်ဦးအား သေနတ်ပြ၍ ဓားပြတိုက်ရန် ကြိုးစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်​ကြောင်း သိရသည်။

(အရပ်သား​ယောင်​ဆောင်ဓါးပြတိုက်ခဲ့​သော စစ်သား ၂ ဦးထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများ။ဓါတ်ပုံ-KR)
(အရပ်သား​ယောင်​ဆောင်ဓါးပြတိုက်ခဲ့​သော စစ်သား ၂ ဦးထံမှ သိမ်းဆည်းရမိ​သော ပစ္စည်းများ။ဓါတ်ပုံ-KR)

▪︎တစ်ဦး​သေဆုံးပြီး တစ်ဦးကို​သေနတ်တစ်လက်ဖြင့်ဖမ်းမိ

ဝန်းသိုမြို့အခြေစိုက်စစ်ကောင်စီတပ်မှစစ်သားနှစ်ဦးက ကောလင်းမြို့ပေါ်တွင် အရပ်သား​ယောင်ဟန်​ဆောင်၍ ဓားပြတိုက်နေသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကြောင်း ​ဒေသခံအချို့နှင့် PDFများက​​ပြောသည်။

ဝန်းသိုမြို့မှ စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ( ၁၁၁ )နှင့် ခြေမြန်တပ်ရင်း-ခမရ (၁၂၀) မှ တပ်သားနှစ်ဦးသည် ဇူလိုင်လ ၁၄ရက်က ကသာမြို့အဝင်ဂိတ်အနီးတွင်လူငယ်တစ်ဦးအား သေနတ်ပြ၍ ဓားပြတိုက်ရန် ကြိုးစားနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်​ကြောင်း သိရသည်။

“လူရည်သန့်လူငယ်တစ်ယောက်ကိုလုပ်သေနတ်တွေပြပြီး ဓားပြတိုက်နေတာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့တာ။ ဝန်းသို ၁၁၁ က တစ်ယောက်၊ ၁၂၀က တစ်ယောက်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဝန်းသိုမြို့၊ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၁ မှတပ်သားရွှေလျှံထွန်းဆိုသူသည် PDFများကဖမ်းဆီးစဉ် ပစ်ခတ်ထွက်ပြေးရန်ကြိုးစားသောကြောင့် အသေဖမ်းဆီးခဲ့ရသည်ဟုဆိုသည်။ခြေမြန်တပ်ရင်း ၁၂၀မှ တပ်သားဟန်ဝင်းအောင်ကို အရှင်ဖမ်းမိပြီး လက်လုပ်သေနတ်တစ်လက်၊ဖုန်းနှစ်လုံး၊ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။

“စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်နေတာ။ အခုဖမ်းမိတယ်ကြားတော့ သတင်းကောင်းဗျ။ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ မြို့ပတ်ဝန်းကျင်အထိ နယ်မြေစိုးမိုးမှုရလာပြီဆိုတဲ့သဘောပဲ’ဟုကောလင်းမြို့ခံတစ်ဦးကပြောသည်။

၄င်းတို့နှစ်ဦးကိုအမိန့်ပေးစေခိုင်းသူမှာဝန်းသို ခမရ ၁၁၁မှ ဗိုလ်ဝင်းထွန်းဆိုသူဖြစ်ပြီး ၎င်းသည်လက်ရှိတွင်ကောလင်းထွေအုပ်နှင့်ဆေးရုံတွင်လုံခြုံရေးတာဝန်ကျနေကြောင်း လည်းထုတ်ပြန်ထားချက်တွင်​ဖော်ပြထားသည်။

ဓားပြတိုက်ရန် ကြိုးစားနေသည့် စစ်ခေါင်းစီတပ်ဖွဲ့ဝင်နှစ်ဦးအား ဖမ်းဆီးခဲ့သည့် မစ်ရှင်အား ကောလင်းမြို့နယ်ပကဖနှင့်The Secret warrier KawLinတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။