Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းတောင်ပိုင်းမှာ မီးရှူးမီးပန်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၉ ဦးထက်မနည်းသေ၊ ထိခိုက်ပျက်စီးမှု အများအပြားဖြစ်ပေါ်

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးတစ်ခုထဲက ဂိုဒေါင်မှာ ဇူလိုင် ၂၉ ရက်က အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ မလေးရှားနယ်စပ်နဲ့ မနီးမဝေးမှာရှိတဲ့ ဆွန်ကိုင်ကိုလော့ခ် မြို့လေးမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၁၅ ဦးထက်မနည်းလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ထိုင်းနိုင်ငံက မီးရှူးမီးပန်းတွေ သိုလှောင်ထားရာ ဂိုဒေါင်တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးတွေ အပါအဝင် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးတစ်ခုထဲက ဂိုဒေါင်မှာ ဇူလိုင် ၂၉ ရက်က အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ မလေးရှားနယ်စပ်နဲ့ မနီးမဝေးမှာရှိတဲ့ ဆွန်ကိုင်ကိုလော့ခ် မြို့လေးမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၁၅ ဦးထက်မနည်းလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

မီးလောင်မှုရဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် အနားမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကနေ မီးပွား လွင့်စဉ်ရာက အစပြုတယ်လို့ ကနဦး ယူဆရပါတယ်။

ဒေသခံတွေကတော့ ပေါက်ကွဲတဲ့ အရှိန်က ပြင်းထန်လွန်းတာကြောင့် မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ပေါက်ကွဲမှုဖြစ်တဲ့ နေရာကနေ မည်းနက်တဲ့ မီးခိုးလုံးကြီး ထိုးတက်လာခဲ့ပါတယ်။

ပေါက်ကွဲတဲ့ အရှိန်ကြောင့် နာရာသီဝပ် ခရိုင်ထဲက မြို့ငယ်လေးရဲ့ အစိတ်အပိုင်း တော်တော်များများမှာပါ ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နာရီပေါင်း အတော်ကြာပြီးချိန်မှာ မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီး ကနဦး စစ်ဆေးမှုတွေအရ ဝရိန်ဆော်တဲ့ အချိန်မှာ နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် မီးစတင် လောင်ကျွမ်းတယ်လို့ ယူဆရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဂိုဒေါင်ရှိရာ စျေးနဲ့ မီတာ ၁၀၀ လောက် အကွာမှာ နေထိုင်သူ ဒေသခံ တစ်ဦးက ပေါက်ကွဲသံကြီး ထွက်ပေါ်ခဲ့တဲ့နောက် သူ့အိမ်အမိုးပါ ပွင့်ထွက်သွားခဲ့ကြောင်း၊ ပတ်ဝန်းကျင်ကို လှမ်းကြည့်တော့လည်း အိမ်တွေက ပြိုကျကုန်ပြီး လူတွေ နေရာအနှံ့ လဲကျနေတာ တွေ့ခဲ့ကြောင်း ပြောပြပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ မီးရှူးမီးပန်းတွေကို အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပဖို့အတွက် အသုံးပြုလေ့ရှိပြီး အဲဒီပစ္စည်းတွေနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ ဥပမာ တစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက အင်ဒိုနီးရှား နိုင်ငံမှာ မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး လူ ၄၉ ဦး သေဆုံးခဲ့သလို နောက်ထပ် ၅ ရက် အကြာမှာလည်း ထိုင်းမြောက်ပိုင်းမှာ မီးရှူးမီးပန်း ပြဿနာနဲ့ ဆက်စပ်လို့ အမျိုးသမီး ၁ ဦးသေပြီး လူ ၁၀ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

လုံခြုံရေး စံနှုန်းတွေ မြှင့်တင်ပေးရေးအတွက် ပြည်သူလူထုဆီက ပြင်းပြတဲ့ ဖိအားပေး တောင်းဆိုမှုတွေ ရှိနေတဲ့တိုင် ထိုင်းနိုင်ငံမှာ လမ်း၊ ဆောက်လုပ်ရေး၊ အလုပ်ခွင်ဆိုင်ရာ မတော်တဆမှုတွေက အတော်များပြားနေဆဲ ဖြစ်ပါတယ်။