Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ နွေဦးအောင်လံဆုတောင်းပွဲ

ပြည်သူများအနေဖြင့် ဇူလိုင် ၃၁ နှင့် ဩဂုတ် ၁ ရက်နေ့များတွင် ကိုးကွယ်သည့်ဘာသာအလိုက် ဆုတောင်းပေးကြရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ နွေဦးအောင်လံဆုတောင်းပွဲ
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ရည်ရွယ်တဲ့ နွေဦးအောင်လံဆုတောင်းပွဲ

စစ်ကောင်စီက မတရားဖမ်းဆီးမှုခံထားရသည့် ပြည်သူများလွတ်မြောက်ရေးအတွက် နွေဦးအောင်လံ ဆုတောင်းပွဲကို တော်လှန်ရေးအင်အားစုများ ပေါင်း၍ အွန်လိုင်းမှပြုလုပ်မည်ဟု စမ်းချောင်းပင်ပသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာကြီးကပြောသည်။

“ဘုံရည်မှန်းချက်ချင်းတူတဲ့တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး အစွန်းရောက်အကြမ်းဖက် စစ်အုပ်စုရဲ့မတရားဖမ်းဆီးခံထားရပြီး တော်လှန်ရေးရဲ့ဗဟိုချက်မတွေဖြစ်တဲ့နိုင်ငံရေးအကျဥ်းသား သူရဲကောင်းတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး”နွေဦးအောင်လံ ဆုတောင်းပွဲ”ကျင်းပပြုလုပ်ကြဖို့ စီစဥ်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ “ဟု ၎င်းကပြောသည်။

ယင်းဆုတောင်းပွဲကို ဇူလိုင် ၃၁ ရက် နေ့လည် ၁ နာရီတွင် Zoom Platform မှပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးအင်းအားစုများ၊ ဘာသာပေါင်းစုံမှဆရာများ နှင့်အတူ ပြည်သူများလည်းပါဝင်မည်ဟု သိရသည်။

ဆုတောင်းပွဲတွင်စစ်ကောင်စီကမတရားဖမ်းဆီးထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၉,၅၉၃ ယောက် ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဆန္ဒပြု ဆုတောင်းမည်ဖြစ်သည်။

“ပြည်သူများအနေနဲ့ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများလုံးလွတ်မြောက်ဖို့အတွက် “နွေဦးအောင်လံ ဆုတောင်းပွဲ” ကို ပူပေါင်းပေးပါ ၊ ဆုတောင်းပေးကြပါ ။ နိုင်ငံကိုကယ်တင်ဖို့အတွက် ❝ တော်လှန်ခြင်းမှတပါး အခြားမရှိတော့ပါ ❞ ” ဟု နွေဦးအောင်လံဆုတောင်းပွဲကျင်းပရေးအဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့်ပြည်သူများအနေဖြင့် ဇူလိုင် ၃၁ နှင့် ဩဂုတ် ၁ ရက်နေ့များတွင် ကိုးကွယ်သည့်ဘာသာအလိုက် ဆုတောင်းပေးကြရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။