Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံနယ် ခေါင်းအိရွာရှစ်ရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၃ဦးသေဟု PDF ပြော

ဇူလိုင် ၂၁ ရက်ကစ၍ အင်အား ၅၀ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်လာခဲ့သည်ဟု ဆိုသည်။

(ခေါင်းအိကျေးရွာထိုးစစ်တွင် စစ်ကောင်စီတပ်စွဲခဲ့သောနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံ PDF)
(ခေါင်းအိကျေးရွာထိုးစစ်တွင် စစ်ကောင်စီတပ်စွဲခဲ့သောနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံ PDF)

ကရင်နီ – ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့ ခေါင်းအိကျေးရွာ ရှစ်ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၃ဦးသေဆုံးကြောင်း ဖယ်ခုံ PDFက ပြောသည်။

ဇူလိုင် ၂၁ ရက်ကစ၍ အင်အား ၅၀ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်လာခဲ့သည်ဟု ဆိုသည်။

ထို့သို့ ထိုးစစ်ဆင်မှုကို ဖယ်ခုံ PDF (1002)တပ်ရင်းအတူ KRU ၊ အမှတ် 1009( IPDF) ၊ 1008 ၊ 1005 ၊ 1003၊DMO 1106 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့ SSDF စသည့်မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရောက်သည့်နေရာတိုင်း၌ကတုတ်ကျင်းတူးပြီး တိုက်ခိုက်ခဲ့သော်လည်း PDF တပ်ဖွဲ့များက စစ်ကောင်စီ၏ ကတုတ်ကျင်းကို ဖြိုဖျက်တိုက်ခိုက်ခဲ့​ကြောင်း ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ဇူလိုင်၂၈ ရက် နံနက်၁နာရီအချိန်တွင် ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။

“ခလရ (၂၄၈)ကကောင်တွေ အလောင်းတွေတောင်မသယ်နိုင်ဘူး။မနက်အစောကြီး ထွက်ပြေးရတာ”ဟု ဖယ်ခုံ PDFတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

လက်ရှိ ဖယ်ခုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၇)သို့ ရှမ်းပြည်အခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၁၀၀ခန့် ဖြည့်တင်းထားကြောင်းလည်း သိရသည်။