Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဂျော်ဒန်မှာ အမေရိကန် စစ်သည်တွေ သေဆုံးတဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ထားကြောင်း ဘိုင်ဒန်ပြော

ကနဦး စုံစမ်းမှုတွေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဖောက်ခွဲရေး ဒရုန်းကို ကိုယ့်တပ်ဖက်က ဒရုန်းလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ သဘောထားမိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။

ဆီးရီးယား-ယီမင် နယ်စပ်မှာ အမေရိကန် စစ်မှုထမ်း ၃ ဦး သေဆုံးခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုကို ဘယ်လို နည်းလမ်းနဲ့ လက်တုံ့ပြန်မလဲ ဆိုတာကို ဆုံးဖြတ်ထားပြီးပြီလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဘိုင်ဒန်က အမေရိကန်ရဲ့ လက်တုံ့ပြန်မှုဟာ အကန့်အသတ်နဲ့ပဲ ဖြစ်လိမ့်မယ်လို့ အရိပ်အမြွက် မှတ်ချက် ပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဂျော်ဒန် ပိုင်နက်ထဲမှာရှိပြီး Tower 22လို့ ခေါ်ဝေါ်တဲ့ အမေရိကန် စစ်စခန်းငယ် တစ်ခုကို ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် အမျိုးသမီး တစ်ဦး အပါအဝင် စစ်သည် ၃ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဘိုင်ဒန်က အဲဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ အီရန် မဟာမိတ် ပြည်သူ့စစ်တွေ၊ စစ်သွေးကြွတွေရဲ့ လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အီရန် အစိုးရကတော့ ဒီကိစ္စမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှု လုံးဝ မရှိကြောင်း ငြင်းဆိုထားပါတယ်။

ဘိုင်ဒန်က အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အတည်ပြုထားပေမယ့် လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပိုမို ကျယ်ပြန့်သွားမယ့် ရွေးချယ်မှုမျိုးတော့ မဟုတ်ဘူးလို့ ပြောခဲ့တာကြောင့် အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ရိုက် တုံ့ပြန်တာမျိုးတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေး ရွေးချယ်မှု အခြေအနေတွေကိုတော့ သူက တိတိကျကျ ထုတ်ပြောမသွားပါဘူး။

ဂါဇာမှာ အစ္စရေးနဲ့ ဟားမားစ်တွေကြား စစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စစ်သည်တွေကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေ အကြိမ်ပေါင်း ရာဂဏန်းလောက် ကြုံခဲ့ရာက ဂျော်ဒန် ဖြစ်စဉ်မှာတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေ အသက်ဆုံးရှုံးတဲ့ အခြေအနေထိ ပထမဆုံး ရောက်ရှိလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကနဦး စုံစမ်းမှုတွေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဖောက်ခွဲရေး ဒရုန်းကို ကိုယ့်တပ်ဖက်က ဒရုန်းလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ သဘောထားမိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။

ကိုးကား: BBC