Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရတခတိုက်ခိုက်မှု စစ်ကောင်စီဝင် ၃ဝကျော် ဒဏ်ရာရ

စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

(ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲမှ ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Alpha Bats)
(ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲမှ ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Alpha Bats)

▪️ဒဏ်ရာရရှိသူများတွင် စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်း ပါနိုင်ဟုဆို

▪️ရဟတ်ယာဉ်နှစ်စီးလည်း ပျက်စီးဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲပြော

သတိုး/People’s Spring

မွန်ပြည်နယ် မော်လမြိုင်မြို့ အရှေ့‌တောင်တိုင်း စစ်ဌာနချုပ်(ရတခ)အတွင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် စစ်ဗိုလ်ချုပ်လေးဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ကျော်ရှိကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်များ အထူးအစည်းအဝေးလုပ်နေစဥ် ရှာထူးဝေါ်တပ်ဖွဲ့ဝင်များက ဒုတိယအကြိမ်မြောက် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုမှာ ဒဏ်ရာရစာရင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ ပါဝင်နေနိုင်ကြောင်းသိရပြီး ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အကြီးပိုင်း ၆ဦး ပြင်းထန်ဒဏ်ရာရပြီး ၎င်းတို့ထဲမှ သုံးဦး ယနေ့ည သေဆုံးသွားခဲ့ပြီလို့လည်း သတင်းရင်းမြစ်များထံမှ သိရသည် “ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ဆိုသည်။

ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲမှ ကာမီကာဇေ Fixed Wing Drone များဖြင့် ရတခအတွင်း၌ စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းနှင့်အဖွဲ့ အထူးအစည်းအဝေးလုပ်ဆောင်သည့် နေရာကို ယနေ့နေ့လယ်တွင် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စိုးဝင်းကားနဲ့ အနောက်က လူနာတင်ယာဉ်တစ်စီး ပညာရေးတပ်နားက ကုတင်သုံးရာရောက်နေတယ်။ ကွန်မန်ဒိုတွေလဲ ဆေးရုံမှာ အစောင့်ချထားတယ်။ အကောင်ကြီးကြီးတွေအများကြီး ထိထားဟန်တူတယ်”ဟု ပတ်ဝန်းကျင်သတင်းရင်းမြစ်များထံမှ သိရကြောင်း ၎င်းက ဆိုသည်။

“နောက်ဆုံးရသတင်းက ရတခ ထဲရပ်ထားတဲ့ရဟတ်ယာဥ် ၂စင်းလုံး ထိမှန်မှုရှိခဲ့တယ်လို့ သိရတယ်။ ဘားအံ တပ်မ၂၂တွင် ရုံးထိုင်ကွပ်ကဲ​နေသူ ကစထမှူး ညွန့်ဝင်း​ဆွေရဲ့ ရဟတ်ယာဥ် အခုထိ ဘားအံပြန်မ​ရောက်လာ​သေးဘူး။ လူလည်း ပြန်​ရောက်မလာ​ကြောင်း ထူးခြားသတင်းရတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါထိခိုက်မှုများနှင့်ပတ်သက်၍ လူထုနွေဦး အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

” သတင်းရင်းမြစ်၏ပြောကြားချက်အရ နေပြည်တော်နှင့် ဒုချုပ်စိုးဝင်းရယ် ကစထမှူး ညွန့်ဝင်းဆွေရယ် သူတို့ ၂ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ ဗြောင်းဆန်နေကြကြောင်း ထူးခြားဖြစ်စဉ် အဖြစ်သိရှိရပါသည်။” ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ဆိုသည်။

ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲသည် ယမန်နေ့ ဧပြီ ၈ ရက်ကလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။

သတင်း

စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။