close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာဒေသ တစ်ခုလုံးကို သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဆုံးဖြတ်လိုက်ကြောင်း သတင်းထွက်နေ

ဂါဇာ ကမ်းမြှောင်ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသ တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရုံးရဲ့ အတွင်းသတင်း ရင်းမြစ်တချို့က ဝန်ကြီးချုပ်ဟာ အဲဒီဆုံးဖြတ်ချက်ကို အခိုင်အမာ ရွေးချယ်ပြီး ဖြစ်တယ်လို့ Jerusalem သတင်းဌာနဆီ ဩဂုတ် ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

နေတန်ညာဟုက ဂါဇာမှာ အစ္စရေး ဓားစာခံတွေကို ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က ထိန်းချုပ်ထားတယ်လို့ ယုံကြည်ရတဲ့ နေရာတွေကိုပါ စစ်ရေးအရ တိုက်ခိုက်ရှင်းလင်း သိမ်းယူဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ အခြေအနေဟာ ဓားစာခံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်မျိုးလည်း ရှိနေပါတယ်။

နေတန်ညာဟုက သူ့ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေး စစ်ဦးစီးအရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး အီယဲလ် ဇာမားဆီကိုလည်း အသိပေးထားပြီး အမြင်ချင်း မတူရင် နုတ်ထွက်နိုင်တယ်လို့ပါ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုသတင်းတွေနဲ့ ပတ်သက်ပြီး ဟားမားစ်ဖက်ကတော့ အစ္စရေးရဲ့ ခြိမ်းခြောက်မှုတွေဟာ ထပ်တလဲလဲ ဖြစ်နေပြီး အာရုံစိုက်ဖို့ မထိုက်တန်ကြောင်း၊ အစ္စရေးက ဘာလုပ်လုပ် ဟားမားစ်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ် ရပ်တည်မှုတွေကို ထိခိုက်နိုင်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။

လောလောဆယ်မှာတော့ အစ္စရေးနဲ့ ဟားမားစ်ကြားက အပစ်ရပ် ဆွေးနွေးမှုတွေဟာ တိုးတက်မှု မရှိဘဲ ရပ်တန့်နေပါတယ်။ ဟားမားစ်တွေက အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ အငတ်ဘေး ဆိုက်မယ့် အခြေအနေ ကြုံနေကြောင်း စွပ်စွဲပြီး ထောက်ပံ့ရေး ယာဉ်တန်းတွေ အများအပြား ဝင်ရောက်ခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။

ပါလက်စတိုင်း ပြည်သူတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ပို့ဆောင်နိုင်ဖို့ဆိုရင် အစ္စရေးက ပိတ်ဆို့ထားတဲ့ စင်္ကြံလမ်းကြောင်းတွေ ပြန်ဖွင့်ပေးဖို့ လိုကြောင်း ဟားမားစ်က ပြောပေမယ့် အခုတော့ နေတန်ညာဟုက ဂါဇာဒေသ တစ်ခုလုံးကို စစ်ရေးအရ သိမ်းယူဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ စထွက်လာတာ ဖြစ်ပါတယ်။

နေတန်ညာဟုက ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေဟာ ဟားမားစ်အဖွဲ့ လုံးဝဥဿုံ အဆုံးသတ်သွားတဲ့ အချိန်ကျမှ အောင်မြင်ပြီးမြောက်တယ်လို့ ယူဆမှာဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။

ကိုးကား: Jerusalem Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ် ပြောက်ကျားအဖွဲ့ကို လက်နက်စွန့်ဖို့၊ ဂါဇာကို ထိန်းချုပ်ထားခြင်းကနေ လက်လျှော့ဖို့ အာရပ်နဲ့ မွတ်ဆလင် နိုင်ငံတွေ ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသထဲက စိတ်မချမ်းသာစရာ အခြေအနေတွေ အပြောင်းအလဲ ရှိမလာရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရလိမ့်မယ်လို့ အစ္စရေးကို ဗြိတိန် ဝန်ကြီးချုပ်က သတိပေးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်တဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ကိုယ်တိုင်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အငတ်ဘေးက တကယ်ပဲ ကြုံတွေ့နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။