close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စစ်စခန်းမှာ ပစ်ခတ်မှု ဖြစ်ပြီး စစ်သား ၅ ဦး ဆေးရုံရောက်

အမေရိကန် စစ်စခန်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၅ ယောက် ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ကြည်းတပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

Reuters

အမေရိကန် စစ်စခန်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၅ ယောက် ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ကြည်းတပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဂျော်ဂျီယာ ပြည်နယ်မှာရှိတဲ့ ဖို့တ်စတီးဝပ် စစ်စခန်းမှာ ဩဂုတ် ၆ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ဒဏ်ရာရ စစ်သည် ၅ ဦးစလုံးကို ဆေးရုံ တင်ပို့ထားကြောင်း ကြည်းတပ်က ကြေညာခဲ့ပါတယ်။

စစ်စခန်းရဲ့ အမှတ် ၂ သံချပ်ကာ တိုက်ခိုက်ရေးတပ် အခြေစိုက်ရာ ဧရိယာမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး သေနတ်သမားကိုတော့ ၃၅ မိနစ် အကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်မှာ ပတ်ဝန်းကျင် ဒေသခံ လူ့အဖွဲ့အစည်းတွေအပေါ် သက်ရောက်တဲ့ ခြိမ်းခြောက်မှုတော့ မရှိခဲ့ဘူးလို့ ဖို့တ်စတီးဝပ် တပ်စခန်းက Facebookပေါ်မှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဒဏ်ရာရ စစ်သားတွေ အားလုံးရဲ့ အခြေအနေက တည်ငြိမ်ပြီး မကြာခင် ပြန်လည် ကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း၊ အဲဒီထဲက ၃ ယောက်ကတော့ ခွဲစိတ်မှုတွေ ခံယူခဲ့ရကြောင်း တပ်စခန်းရဲ့ စစ်ဦးစီး အရာရှိ ဗိုလ်ချုပ် ဂျွန်လူးဘက်စ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်သမားကတော့ အသက် ၂၈ နှစ်အရွယ် ကော်နီလိယက်စ် ရက်ဒ်ဖို့ဒ်ဖြစ်ပြီး အမှတ် ၂ သံချပ်ကာ တိုက်ခိုက်ရေး တပ်မဟာရဲ့ ထောက်ပံ့ပို့ဆောင်ရေး တပ်ကြပ်ကြီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဟာ ရက်ဒ်ဖို့ဒ် အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်တိုက်ထဲက မဟုတ်တဲ့ ကိုယ်ပိုင် ပစ္စတို တစ်လက်နဲ့ ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို လောလောဆယ်တော့ မပြောနိုင်သေးဘဲ စုံစမ်းမှုတွေ ဆက်လုပ်နေဆဲလို့ လူးဘက်စ်က သတင်းစာ ရှင်းလင်းပွဲမှာ အသိပေးသွားခဲ့ပါတယ်။

ကော်နီလိယက်စ်ကို တခြား စစ်မှုထမ်းတွေက ဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးခဲ့ပြီး အဲဒီနောက်မှာ တပ်ထိန်းရဲတွေက သူ့ကို ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလင်း လီယာဗစ်က အခုဖြစ်စဉ်အကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အစီရင်ခံ တင်ပြထားသလို နောက်ဆက်တွဲ သတင်းတွေကိုလည်း မျက်ခြေမပြတ် နားစွင့်နေတယ်လို့ ပြောပါတယ်။

သေနတ်တွေကို လွတ်လွတ်လပ်လပ်နဲ့ လွယ်လွယ်ကူကူ ဝယ်ယူနိုင်တဲ့ အမေရိကန်မှာ လူတွေ အများအပြား သေကြေတာ၊ ဒဏ်ရာရတာတွေ ဖြစ်စေတဲ့ ပစ်ခတ်မှုမျိုးတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ အဲဒီလို ကိစ္စတွေမှာ စစ်စခန်းတွေလည်း လွတ်ကင်းခွင့် မရကြပါဘူး။

အမေရိကန် စစ်စခန်းတွေမှာ ဖြစ်ပွားတဲ့ အဆိုးဆုံး ပစ်ခတ်မှုကိုတော့ ၂၀၀၉ ခုနှစ်တုန်းက တက္ကဆက်စ်မှာရှိတဲ့ ဖို့တ်ဟုဒ် စခန်းမှာ ကြုံခဲ့ရပြီး ဗိုလ်မှူးတစ်ဦးရဲ့ လက်ချက်ကြောင့် ၁၃ ဦးသေပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီစခန်းမှာပဲ ၂၀၁၄ မှာ နောက်ထပ် ပစ်ခတ်မှု ထပ်ဖြစ်ရာက ၃ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းကတော့ ဝါရှင်တန်ဒီစီ မြို့တော်က ရေတပ်စခန်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ရာက ၁၂ ဦး သေခဲ့ပါတယ်။ ၂၀၁၉ တုန်းကတော့ ဖလော်ရီဒါမှာရှိတဲ့ အမေရိကန် ရေတပ်စခန်း တစ်ခုဆီ ရောက်ရှိနေတဲ့ ဆော်ဒီအာရေးဘီးယား လေတပ် အရာရှိ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ၃ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် အသေအပျောက်ဟာ သေနတ်သမား အပါအဝင် ၁၁ ဦးထိ တိုးပွားလာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး သေနတ်သမား အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။