close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ အိမ်မွေးခြင်္သေ့ လွတ်သွားပြီး လိုက်ကိုက်လို့ လူ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံမှာ အိမ်ထဲ မွေးထားတဲ့ ခြင်္သေ့က လွတ်သွားပြီး လူ ၂ ဦးကို ကိုက်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Bangkok Post

ထိုင်းနိုင်ငံမှာ အိမ်ထဲ မွေးထားတဲ့ ခြင်္သေ့က လွတ်သွားပြီး လူ ၂ ဦးကို ကိုက်ခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းက ကန်ချနာဘူရီ ပြည်နယ်မှာရှိတဲ့ ဘိုဖလွိုင် ခရိုင်ထဲက မူး အမှတ် ၈ ကျေးရွာက အိမ်တစ်လုံးမှာ မွေးထားတဲ့ ခြင်္သေ့က အိမ်အပြင်ကို လွတ်ထွက်လာပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ရွာသား ၂ ယောက်ကို ကိုက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် အမျိုးသားဟာ ခြေထောက်မှာ ဒဏ်ရာရခဲ့ပြီး ကလေးကတော့ တင်ပါးကို အကိုက်ခံခဲ့ရပါတယ်။ နှစ်ယောက်စလုံးကို ဆေးရုံ တင်ခဲ့ရပေမယ့် ညအိပ်စရာ မလိုဘဲ ဆေးရုံဆင်းခွင့် ရခဲ့ကြပါတယ်။

ရဲတွေက ခြင်္သေ့ရဲ့ ပိုင်ရှင်ဟာ အဲဒီရွာမှာပဲနေတဲ့ အသက် ၃၂ နှစ်အရွယ် ပရင်ညာ ပက်ခ်ပွမ်းဆိုသူ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ တိရစ္ဆာန်တွေ မွေးမြူထားမှု အခြေအနေတွေကို အာဏာပိုင်တွေက စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။ သူဟာ အရင်ကလည်း ဆန်းဆန်းပြားပြား တိရစ္ဆာန်တွေကို အိမ်မှာ မွေးထားတဲ့အကြောင်း လူမှုကွန်ရက်ပေါ် ဓာတ်ပုံတွေ တင်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ပရင်ညာက သူဟာ ၁ နှစ်အရွယ် ခြင်္သေ့မကို အိမ်မှာ မွေးမြူထားပြီး သားရိုင်း တိရစ္ဆာန်နဲ့ သစ်တောရေးရာဌာန တာဝန်ရှိသူတွေဆီက လုံခြုံရေးဆိုင်ရာ စံနှုန်း စစ်ဆေးချက်တွေကို ခံယူထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအရာရှိတွေက ခြင်္သေ့ မွေးထားတဲ့အိမ်ကို ပိုပြီး လုံခြုံအောင် ကာရံရမယ့် အစီအမံတွေ ညွှန်ကြားခဲ့ပြီး အဲဒီ အဆင့်မြှင့်တင်မှုတွေ မပြီးပြတ်ခင် ခြင်္သေ့က ရွာထဲကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ သတ်မှတ်ထားတဲ့ လုံခြုံရေး စည်းမျဉ်း စံနှုန်းတွေကို လိုက်နာရင် တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူခွင့် ရနိုင်ပေမယ့် လွတ်သွားရင်တော့ ဘတ် ၅၀၀၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ၆ လထိ ထောင်ဒဏ်ဖြစ်စေ ကျခံရနိုင်ပါတယ်။

ပရင်ညာက ခြင်္သေ့ရဲ့ လှောင်အိမ်ကို အားဖြည့် တည်ဆောက်မှုတွေ လုပ်နေချိန် သံမဏိ တိုင်တစ်ချောင်းမှာ ကြိုးချည်ထားခဲ့ပေမယ့် လွတ်သွားခဲ့တာလို့ ပြောပြပါတယ်။ ရွာထဲမှာ ဆူဆူညံညံ ပွက်လောတွေ ရိုက်ကုန်တဲ့အချိန် သူ့ခြင်္သေ့ လွတ်သွားမှန်းသိတော့ ကပျာကယာ ထွက်ရှာတဲ့အခါ အိမ်ရှေ့မှာပဲ အေးအေးလူလူ လမ်းလျှောက်နေတာကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် ပရင်ညာက ခြင်္သေ့ကို အသာအယာ ပြန်ဖမ်းပြီး ကြိုးချည်ထားလိုက်ပါတယ်။

ပရင်ညာဟာ ပိုင်ရှင်ဟောင်းဆီကနေ ဝယ်ယူပြီးတဲ့နောက် တရားဝင် မွေးမြူခွင့် မှတ်ပုံတင်ထားသလို ခြေရာခံ မိုက်ခရိုချစ်ပ်လည်း ထည့်သွင်းပေးထားပါတယ်။ ခြင်္သေ့က လူတွေကို တိုက်ခိုက်ခဲ့တာဟာ လူသွားလမ်းမ တစ်နေရာမှာလို့ ဆိုပါတယ်။

ဖြစ်စဉ်အပြီးမှာတော့ ခြင်္သေ့ကို ပရင်ညာဆီကနေ သိမ်းဆည်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းကျရင် ဆူဖန်ဘူရီ ပြည်နယ်မှာရှိတဲ့ ဘွမ်ချာဝက်ခ် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှာ ထားရှိသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက စျေးဝယ်စင်တာ တစ်ခုကို လက်နက်ကိုင် ဓားပြတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုထဲက ရွှေထည်တွေကို လုယက်သွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့မြို့ကြီးတွေမှာထိုင်းနိုင်ငံဖွားရှမ်းလူငယ်အချို့ ဂိုဏ်းဖွဲ့ပြီး ရိုက်နှက်တာ ၊ ခိုက်ရန်ဖြစ်ပွားတဲ့လုပ်ရပ်တွေကို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဆန့်ကျင်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၂ ရက်မှာကြေညာချက်ထုတ်လာပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်က လျှပ်စစ်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံက မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို အကြောင်းပြချက်မရှိပဲ အလုပ်ဖြုတ်လိုက်လို့ အဲဒီစက်ရုံမှာ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပွားနေပါတယ်။

သတင်း

ရွှေ့ပြောင်း အခြေချသူ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစ်စီးဟာ ရဲလိုက်ဖမ်းတာကို မောင်းပြေးရင်း လမ်းဘေး ချောက်ထဲကို အရှိန်နဲ့ ထိုးကျခဲ့ပေမယ့် ကံကောင်း ထောက်မစွာနဲ့ အားလုံး အသက်ရှင်ခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

Facebook